🍒9🍒(🚫🚫🚫)

2K 116 2
                                    

Zawgyi ver

"မင်းအရင်ရေချိုးမလား ကိုယ်အရင်ချိုးရမလား "

"အာ...ကျွန်တော်... ကျွန်တော် ချိုးလိုက်ပါ့မယ် "

သွန်းထက် ကဉီးကောင်းကိုဘာကြောင့်သူကျတော့ အခန်းသီးသန့်မရ ရတာလဲလို့မေးချင်ပေ့မယ် ဉီးကောင်း​က သူကိုစိုက်ကြည့်နေလို့ မမေးရဲပေ။ ထို့ကြောင့် ယောင်ချာချာနဲ့ ရေချိုးရန်သာထလိုက်ခဲ့လိုက်တော့သည်။

ရေချိုးခန်းကိုငေးမောရင်ဝင်သွားတဲ့ထက်​လေးကိုကြည့်ကာ ကောင်းကင်တစ်ယောက် အသာပြုံးမိပြန်သည်။ အခန်းသီးသန့်မရတဲ့အပေါ် စိတ်တိုင်းမကျဖြစ်နေဟန်ပေါ်ပေ့မယ် ထက်လေးက သူကိုမမေးရဲတဲ့ပုံစံလေးနဲ့ သိချင်နေတာကို မြိုသိပ်နေတဲ့ပုံစံလေးက အသည်းယားဖို့ကောင်းနေပြန်သည်။

"ကိုယ်က မင်းအမြင်မှာအဲလောက်ကြောက်ဖို့ကောင်းနေလို့များလားကွာ"

ကောင်းကင်တစ်ယောက် ကုတင်ပေါ်အသာထိုင်ရင်တစ်ယောက်တည်းစကားဆိုမိနေတုန်းမှာဘဲ... အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းတွင် မျက်နှာသုပ်ပါဝါနဲ့ဖုံးထားရင် သွန်းထက်လေးက ရေချိုးခန်းတံခါးကနေ ကိုယ်တစ်ပိုင်းထွက်ကာ ကောင်းကင် ကိုစကားလှမ်းပြောနေပေ့မယ် ကောင်းကင်တစ်ယောက်ဘာကိုမှထပ်မကြားနိုင်တော့ဘဲ ထက်လေးဆီကို လျှောက်သွားလိုက်ပြီး ရေချိုးခန်းထဲကို ဝင်လိုက်သည်။

"ဉီး....ဉီးကောင်း အဝတ်...အဝတ်က"

စဉ်းစားခန်းဝင်နေတာကြောင့်လှဲစရာအဝတ်အစားမယူမိဘဲ ရေချိုးဖို့ထွက်လာမိတာကြောင့် ရေချိုးပြီးတာနဲ့ ပါဝါလေးပတ်ကာ ဉီးကောင်းကို အဝတ်အစားယူပေးပါရန်လှမ်းပြီးအကူအညီတောင်းခြင်းပင်..

ဉီးကောင်းက သူကိုမြင်တာနဲ့ အဝတ်အစားကိုလဲယူမလားဘဲ ရေချိုးခန်းထဲကိုဝင်လာတာကြောင့် သွန်းထက် တစ်ခုခုမှားနေကြောင့်ကိုခံစားမိလာတော့သည်။

"Baby... မင်း စာချုပ်ကိုသေချာဖတ်ခဲ့တယ်မလား"

"ဟုတ်.... ဟုတ်ကဲ့ "

"ဒါဆို စာချုပ်အတိုင်းဘဲ ကိုယ်တို့မင်္ဂလာဉီးညကိုအခုဖြတ်သန်း​ကြတာပေါ့... ကိုယ်ဆက်သည်းမခံနိုင်တော့ဘူး"

After being reborn, he became her father (No Translation OC fic)Where stories live. Discover now