🍒6🍒

1.1K 116 6
                                    

Zawgyi Ver

"ကိုကိုသွန်း ဘာလို့ထမင်းဘူးက ၂ခုဖြစ်နေတာလဲဟင့် "

"အာ အဲတာလား ကိုကိုအခုလုပ်နေတဲ့ ကုမ္ပဏီက သူဌေးအတွက်လေ "

"သူကဘာလို့သားတို့ဆီကဟာ စားမှာလဲဟင့်"

"လပြည့်လေးလို့ဘဲ သူဌေးကလဲ ကိုကိုသွန်းလက်ရာကိုကြိုက်လို့ပေါ့ "

"ဟုတ်သား ကိုကိုသွန်းလက်ရာကအရမ်းကောင်းတာကို.... သားကြီးလာရင် ကိုကိုသွန်း အတွက် ထမင်းဆိုင်အကြီးကြီး ဆောက်ပေးမယ်နော်"

"အားးးး လပြည့်လေးက သိတတ်လိုက်တာ "

အလုပ်ပထမဆုံးစဝင်သည့်နေ့ကစလို့ သွန်းထက်ဟာ ဉီးကောင်းအတွက် ထမင်းဘူးအပိုယူဆောင်ရမယ်တာဝန်ကိုရခဲ့တော့သည်။

အစကတော့ သူတို့စားသောက်တဲ့ဟင်းတွေ့နဲ့စားနိုင်ပါ့မလားလို့တွေးမိခဲ့ပေ့မယ် ဉီးကောင်း ကတော့ သွန်းထက်တွေးထင်ထားတာထင်ကိုပိုပြီးတော့ သူဟင်းချက်လက်ရာကို ဉီးကောင်းက ကြိုက်ပုံပေါ်သည်။ သူချက်လာသမျှဟင်းကိုဘါမှမကျန်အေါင် မပိုအောင် ခေါင်းမဖော်တမ်းစားတတ်တယ်.. ဉီးကောင်းကိုကျွေးရတာ တန်တယ်လို့ထင်မိတယ် သူလက်ရာကိုမြိုင်ရယ်ချက်ရယ် စားနေတော့သူလဲ နောက်ဟင်းတွေ့အများကြီးချက်ဖို့အားရှိလာသလို အလုပ်ကောင်းကောင်းရဖို့လဲ အာမခံရှိသလိုဖြစ်စေတယ်လေ.....

📲📲📲📲

"Hello ကိုခန့် (ခန့်ဟန်ညား)  "

"Mr.သွန်း မင်းကုမ္ပဏီကိုရောက်တော့မလား"

"ဟုတ်ကဲ့ ကျွန်တော်အောက်ထပ်ကိုရောက်နေပါပြီ ဘာများဖြစ်လို့လဲ "

"အာ ဒီနေ့က မင်းပြောတဲ့ကိစ္စက အဖြေထွက်ပြီးလို့ bossကပြောတယ် ဒီတော့မင်းနဲ့ဆွေးနွေးစကာရှိတယ်တဲ့ "

"အားးးး ဟုတ်ကဲ့ကျွန်တော်အခုလာပီ... "

အဖြေကိုသိပြီးတော့သူကိုတရားဝင်အလုပ်ခန့်တော့မယ်ဆိုတယ်သဘောပေါ့ သွန်းထက်တစ်ယောက်ပျော်ရွှင်စွာခုန်ပေါက်ကာ အပေါ်ထပ်သို့အမြန်တက်လာခဲ့တော့သည်။ သူကိုစောင့်ကြိုနေတာကတော့ စာချုပ်တစ်ခုဆိုတာသူမသိခဲ့ဘူးလေ.....

After being reborn, he became her father (No Translation OC fic)Where stories live. Discover now