🍒12🍒

1K 90 4
                                    

zawgyi ver

"သွန်း.... သွန်းထက်....နင်....နင်"

သွန်းထက်ကအသံစူးစူးနဲ့အအော်ခံလိုက်ရတာကြောင့်လန့်သွားပြီ ဉီးကောင်းရဲ့ရင်ခွင့်ထဲသို့ပိုတိုးဝင်သွားသလိုဖြစ်သွားပြီးတော့ တံခါးဝသို့လှမ်းကြည့်လိုက်လေသည်။ ဉီးကောင်းကတော့ ကျွတ် တစ်ချက် ထိုးကာ

"ကျွတ်.... လွမ်းဇင်မိုးထက်ဇော်... မင်းမှာယဉ်ကျေးမူမရှိဘူးလား"

"D..daddy သမီး အံ့သြသွားလို့အသံအကျယ်ကြီးနဲ့ပြောမိသွားတာပါ...တောင်းပန်ပါတယ် "

"မင်း အံသြစရာဒီအိမ်မှာဘာရှိနေလို့လဲ"

"Daddy... daddyအနားမှာကပ်ထိုင်နေတဲ့သူက သမီးနဲ့ဘာမှမဆိုင်တော့ဘူး... သမီးကို သူဘက်ကလိုလိုလားလားနဲ့ လမ်းခွဲဖို့ပြောခဲ့တာ ဒါကြောင့် daddy သူကိုခေါ်တွေ့ပြီးဘာမှပြောနေစရာမလိုတော့ဘူး "

"ဒီတော့ မင်းဘက်ကလဲ သူကိုလမ်းခွဲပေးလိုက်ပြီးပေါ့ "

"ဟုတ်တယ်daddy သမီးသူကိုဒီနေ့ချိန်းပြီးတော့ သူနဲ့သမီးကပြတ်ပြီးမို့လို့နောင်အကူအညီတစ်ခုခုလိုလာရင်သမီးကိုလာမရှာဖို့နဲ့ ထပ်မပတ်သတ်ဖို့ပြောမလို့ပါဘဲ... ဒါပေ့မယ်... သူကတော့ သူရဲ့အောက်တန်းစား ညီငယ်ကိုခေါ်ပြီး daddyဆီမှာလာသနားခံနေတာဘဲ "

"ဖေဖေသားအဲ မမကိုမကြိုက်ဘူး အဲမမက ကိုကိုသွန်း အာ ပါးပါးကွယ်ရာမှာဆို သားကိုအမြဲတမ်း အောက်တန်းစားလို့ခေါ်တယ် ဟွန့်"

လပြည့်လေးက ဉီးကောင်းရဲ့အင်းကျီအစလေးကိုကိုင်ကာ တိုင်နေတဲ့စကားလုံးတွေ့ကြားတော့ သွန်းထက်အတော်လေး ဒေါသထွက်မိတယ်...

သူမကဘာကြောင့်သူ့ညီကို အောက်တန်းစားခေါ်ရသလဲ သူနဲ့သူမတွဲနေတုန်းကလဲ သူဘက်ကသူမဆီကနေငွေကြေး ထိတွေ့မူမည်သည့်တစ်ခုကိုမှမတောင်းဆိုခဲ့ဖူးပေ။ သူ့ညီငယ်လေးဆို သူမကိုအိမ်ခေါ်လာတာမကြိုက်ပေ့မယ် သူစိတ်ဆိုးမှာကြောက်လို့သူမကိုဘာအငြင်းစကား ဘာလိုဆိုးသွပ်မူမှမလုပ်ခဲ့ဖူးပေ။

ကောင်းကင်က သူ့babyလေးစိတ်တိုစွာ သူမကိုစိုက်ကြည့်နေတာမြင်တော့ သူအတော်လေး စိတ်ကျေနပ်မိတယ်... သူရဲ့သားငယ်ကလဲသူမကိုမကြိုက်ဘူးလေ ဒါဆို ဘာကြောင့်သူမကိုမပြိုင်ရဲပေနေမလဲ ။

After being reborn, he became her father (No Translation OC fic)Where stories live. Discover now