🍒15🍒

912 76 3
                                    

Zawgyi ver

"ဝါးးးး"

သွန်းထက်တစ်ယောက် ပါးစပ်လေးကိုသာဖုံးကာ သန်း လိုက်ပြီးတော့ ဉီးကောင်းရဲ့အတွင်းရေးမှုမလေး တင်ပြနေသည့် အချက်အလက်တွေ့ကို ဆက်ကြည့်လိုက်တယ်...

"Baby ပျင်းနေပြီလား"

"အော့ နည်းနည်း ဟဲဟဲ "

ဉီးကောင်းကသူသန်းလိုက်တာကို မြင်လိုက်ဟန်ပေ။ သူလက်ကိုအသာကိုင်ကာ သူရဲ့လက်ချောင်းလေးတွေ့ကိုအသာညစ်ပေးကာ အတွင်းရေးမူမလေးကို အမြန်ပြောဖို့အချက်ပေးလိုက်သည်။

"ခဏလေးစောင့်နော် ပြီးရင်အိမ်ပြန်ကြရအောင် "

"ဟုတ် "

"ဒီနေ့အတွက်တင်ပြမူကဒီလောက်ပါဘဲ ကျန်တဲ့အချက်တွေ့ကို စက်ရုံဘက်ကိုသွားကြည့်ရမယ် "

"ကောင်းတယ် ကောင်းတယ် ဉီးတို့အနေနဲ့မောင်ရင်း ရဲ့အတွေးကိုဆိုယုံကြည်ပြီးသားပါ "

"ဟုတ်ကဲ့ အခုလိုယုံကြည်ပေးကြလို့ကျေးဇူးတင်ပါတယ် ဒါဆို ကျွန်တော်တို့အရင်ပြန်နှင်တော့မယ်နော် ကျွန်တော်ရဲ့သက်ထားလေးက ပျင်းနေပြီ"

"ဟားဟား ကောင်းပါပြီ "

အားလုံးကိုနူတ်ဆက်ကာ ဖိုင်တွဲတွေ့ကိုအတွင်းရေးမလေးဆီပေးကာ ကျန်တာတွေ့ကို ခန့်ညားဟန် နဲ့ဆက်လုပ်ထားဖို့ပြောကာ သူ့မိန်းမရဲ့လက်ကလေးကိုဆွဲကာ ကားပါကင်သို့ဆင်းလိုက်သည်။

သူ့ရဲ့ချစ်ဇနီးလေးကတော့ ကုမ္ပဏီကိုလေ့လာနေဟန်ဖြင့် နေရာအနံ့လိုက်ကြည့်က သူရဲ့လက်ကိုပြန်ချိတ်လျက်ရှိနေတာကြောင့် သူတို့ကိုကြည့်နေကြသည့် ကုမ္ပဏီ ဝန်ထမ်းတွေ့ရှေ့မှာ ကောင်းကင်တစ်ယောက် အမြှီးတွေ့အကုန်ထောင်က မာနကြီးပြီးဘဝင်မြင့်နေသည့်အနေအထားလေးနဲ့ ဝန်ထမ်းများဆီအေးစက်စက်အကြည့်လေးတစ်ချက်ကြည့်ကာ သူ့ရဲ့ဇနီးလေးရဲ့ခါးသွယ်သွယ်လေးကိုဖက်ပြလိုက်သည်။ ဆိုလိုချင်တာတော့ သူပိုင်သည့်သူဇနီးလေးကို အကြည့်နဲ့တောင်မရွယ်ကြနဲ့ဆိုတဲ့သဘောပင် ဖြစ်သည်။ သူရဲ့အေးစက်တဲ့ကြည့်ကိုတွေ့လိုက်ကြတာနဲ့ အမြန်ပင်ထိုနေရာက ပြေးလွှာကုန်ကြတော့သည်။

After being reborn, he became her father (No Translation OC fic)Where stories live. Discover now