🍒13🍒

919 78 2
                                    

Zawgyi Ver

"Baby ဘာတွေ့တွေးနေတာတုန်း"

"အာ... ဟိုဟာ... ယောကျာ်း...သူမက သိသွားပြီဆိုတော့ ယောကျာ်းမိဘတွေ့လဲသိသွားလောက်ပြီလေ အဲတာအဆင်ပြေပါ့မလားလို့ "

" သိသွားတော့ကော့ ကိုယ်ကိုဘာများလုပ်နိုင်မှာမို့လဲ ...ဘာမှတွေးနေစရာမလိုပါဘူးကွာ လာပါ စားကြရအောင် "

"ဟုတ် "

မိသားစု၃ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့အပြင်ကိုထွက်စားနေကြသည့်အချိန်မှာ သူမဟာလဲ အဘိုးနဲ့အဘွားအိမ်သို့သွားက မျက်ရည်မိုးရွာသွန်းကာတိုင်ကြားတော့သည်။

"ဘာလို သူကယောကျာ်းလေးတစ်ယောက်ကောက်ယူလိုက်ရုံမကဘဲ အမွေစားခံသားတစ်ယောက်က်ုပါမွေးစားလိုက်သေးတယ်ပေါ့ တောက်စ်...ဒီကောင်ကိုငါကိုယ်တိုင်သွားဆုံးမမှရတော့မယ် "

"အဖေကြီးရယ်နေပါအုန်း... နေပါအုန်း"

"မိန်းမ ကိုယ်ကိုမတားစမ်းပါနဲ့ "

"ယောကျာ်း ရှင်အသာနေစမ်းပါ သားကိုအဲလိုရှင်သွေးဆူဆူပူပူနဲ့သွားပြောရင်အမှားပါသွားမှာဘဲရှိမယ် ကျွန်မ သွားပြီးအတည်ပြုပါအုန်းမယ် ကယ်  လွမ်းဇင်လေးရယ် မငိုနဲ့တော့ ဖွားဖွားသွားကြည့်ကြည့်ပါအုန်းမယ် သမီးအဖေက သမီးကိုစ
လိုက်တာလဲ ဖြစ်နိုင်တာဘဲလေ"

"ဟုတ်ဖွားဖွား"

သူမဟာလဲ သူမအဖေသူမကို စနောက်လိုက်တာဖြစ်ပါစေလို့သာ ဆုတောင်းမိနေတော့သည်။

"ယောကျာ်...ယောကျာ်း ဟိုလေ "

"အင်းပြောလေ... "

"လပြည့်လေးကိုကျောင်းထားမယ့်ကိစ္စကလေ ကျွန်တော်ဘာသာကြည့်စီစဉ်ရမလား"

"ကိုယ်ဒီကိစ္စတွေ့ကို စီစဉ်ထားပြီးသားပါ ကိုယ်တို့အိမ်ရဲ့တစ်ဖက်ကျော်လမ်းမှာ ကိုယ်ပိုင်ယဉ်ကျေးလိမ်မာကလေးပျော်ကျောင်းရှိတယ် ကိုယ်လက်ထောက်ကိုလေ့လာကြည့်ခိုင်းပြီးပြီ အတော်လေးအဆင်ပြေတယ်တဲ့ babyရော့ အဲကျောင်းကိုသွားကြည့်ချင်သေးလား"

"မ..မလိုတော့ပါဘူး.. အဆင်ပြေတယ်ရပါပြီ... "

"ကောင်းပါပြီဗျ "

After being reborn, he became her father (No Translation OC fic)Where stories live. Discover now