🍒7🍒

1.1K 121 1
                                    

Zawgyi ver

သွန်းထက်နဲ့ ကောင်းကောင်တို့နှစ်ဉီးသား စာချုပ်၌ လက်မှတ်ရေးထိုးပြီးတာနဲ့ တရားရုံးသို့သွားကာ လက်ထပ်လက်မှတ်ကိုပါတခါတည်းရေးထိုးလိုက်ကြတော့သည်။

"ထက်လေး မင်းနဲ့မင်းညီလေးကိုကိုယ်အိမ်မှာနေဖို့အကြံပေးချင်တယ် "

"အာ အဲဒါက"

"လွမ်းဇင်မိုးထက်ဇော် က ကိုယ်နဲ့အတူမနေဘူး သူမက ကိုယ်မိဘအိမ်မှာဘဲနေတာပါ ....ပြီးတော့ကိုယ်တို့ကအခုလက်ထပ်ထားကြတဲ့သူတွေ့ဖြစ်နေပြီလေ တစ်အိမ်တည်းအတူတူနေသင့်တာပေါ့ "

"ဟုတ်...ကျွန်တော်အဲတာကိုမတွေးမိလိုက်ဘူး.... "

"မင်းဘာကိုစိတ်ပူနေတာလဲ ကိုယ်ကိုပွင့်ပွင့်လင့်လင့်ပြောပြလို့ရတယ်... ကိုယ်တို့ကလက်ထပ်ထားကြတဲ့သူတွေ့လေ"

"အာ....ကျွန်တော်ညီ လပြည့်လေးကအခုကလေးထိန်းကျောင်းမှာ ထားထားရတာဆိုတော့အိမ်ပြောင်းလိုက်ရင် က နည်းနည်း... "

"မင်းက ကိုယ်ရဲ့ဇနီးရာထူးကိုရထားတော့ ကိုယ်မင်းကိုလစဉ်ထောက်ပံ့ငွေပေးမှာပါ မင်းကအိမ်မှာဘဲနေပြီးတော့
လပြည့်လေးကို စောင့်ရှောက်ပေးပေါ့... "

"အဲ...အဲလိုရလားဟင့်"

"ရတာပေါ့... လပြည့်လေးက ကိုယ်သိသလောက်ဆို ၂နှစ်လောက်ရှိသေးတာဆို ဒီလိုငယ်ရွယ်သေးတဲ့ အရွယ်မှာအခြားသူတွေ့နဲ့ပေးမထားသင့်ဘူးလို့ကိုယ်ထင်တယ် "

"ဉီးကောင်းပြောတာမမှားပါဘူး... ကျွန်တော် ဉီးကောင်းပြောသလိုလုပ်ပါ့မယ် "

"နောက်လ ရက်ကောင်းရက်မြတ်လေးရွေးပြီးရင် ကိုယ်တို့တရားဝင် မင်္ဂလာဆောင်ကိုလုပ်ကြရအောင် "

"မဂ်လာဆောင် လုပ်ဖို့ကလိုအပ်သေးလို့လား အခုလဲ တရားဝင်လက်မှတ်က "

"ကိုယ် မင်းကိုရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ့ကိုပေးချင်တယ် ထက်လေး မင်းနားလည်ရဲ့လား"

ဉီးကောင်းကို သွန်းထက်အသာစိုက်ကြည့်ကာ ဉီးကောင်းပြောသည့်စကားကို စဉ်းစားမိနေတယ်... အခုကတရားဝင်လက်ထပ်လက်မှတ်ထိုးထားကြပေ့မယ် ဒါကိုဘယ်သူမှမသိတော့ သူကိုကြောက်မယ့်သူ တလေးတစားဆက်ဆံမယ်သူကရှိလိမ့်မယ်မဟုတ် ပြီးတော့သူမကလဲ သူအပေါ်လေးစားမူရှိလိမ့်မယ်မဟုတ်... ပြီးတော့ သူမက ရုတ်တရက်ကြီးသူကိုသူမရဲ့ပထွေးအဖြစ်လက်ခံရလိုက်ရင်ဘယ်လောက်များအံ့သြပြီးဒေါသထွက်မလဲ ပိုပြီးတော့တောင်ပေါက်ကွဲန်ုင်လောက်တယ် ဘာလို့လဲဆိုတော့သူမကြိုက်နေတဲ့သူကို သူမရဲ့အခိုင်းအစေလို့ လူတစ်ဉီးက လုယူသွားလို့လေ...

After being reborn, he became her father (No Translation OC fic)Where stories live. Discover now