🍒5🍒

1.2K 112 5
                                    

Zawgyi ver

သွန်းထက်နေ တစ်ယောက်အစောကြီးထကာ လပြည့်လေးအတွက် ထမင်းချိုက်လေးကို သေချာပြင်ပေးကာ သူအတွက်လဲ တစ်ချိုက်လုပ်လိုက်ပြန်သည်။

ကို​ခန့်ဟန်ညား သူကိုမနေ့ညကဆက်သွယ်ကာ ဒီနေ့အလုပ်ဆင်းနိုင်ပြီအကြောင်းကိုပြောခဲ့သည်။ ၇နာရီထက်နောက်မကျစေရန်လဲသေချာမှာသွားခဲ့သေးတယ်...

ဒီလောက် ကတော့ သွန်းထက်တို့က စာမဖွဲ့ဘူး ယခင်ဘဝတုန်းက လပြည့်လေး ကို မူကြိုမထားခဲ့သလို ဒီလို ထမင်းဘူးလေးလဲ မပြင်ပေးခဲ့ရပေ။ သူမရှာပေးတဲ့အလုပ်က ot ညလုံးပေါက်အထိ ပါဝင်ပြီးတော့ သွန်းထက်အနေနဲ့အိမ်မပြန်ဖြစ်တဲ့ရက်တွေ့တောင်ရှိခဲ့တယ်... လပြည့်လေး ကတော့ လိမ်မာတဲ့ကလေးလေးမို့လို့ ဘေးအိမ်ကအဒေါ်ကြီးဆီမှာအမြဲတမ်းနေခဲ့ပေ့မယ် သူအပေါ်မှာ သူစိမ်းမဆန်ပေ။

"ကိုကိုသွန်း"

"ဗျ.. လိမ်မာတုန်းလေး နိုးပြီးလား...အားးး ဆံပင်စွပ်ဖွားလေးနဲ့ ပါပီလေးကျနေတာဘဲကွာ "

ရူပ်ပွနေတဲ့ဆံပင်လေးကို သပ်ပေးရင် သွန်းထက်စကားဆိုလိုကသည်။ လပြည့်လေးက လက်ခုံသေးသေးနဲ့မျက်နှာလေးကိုပွတ်ကာ သွန်းထက် လုပ်နေတဲ့ထမင်းဘူးကို စိတ်ဝင်တစားနဲ့ကြည့်ကာ

"ကိုကိုသွန်း... ဒါဘာလဲဟင့်"

"လပြည့်လေး အတွက်လေ ကိုကိုသွန်းက ကြည့်အသီးလေးတွေ့နဲ့ အလှဆင်ထားတယ် စားမယ်မလား"

"အွန်း"

"နေ့လည်စာ စားချိန်မှာ ဒါတွေ့အကုန်စားရမယ်နော် ဒါမှကိုကိုလိုအရပ်မြန်မြန်ရှည်လာပြီးတော့ ကျန်းမာရေးကောင်းလာမှာလေ မဟုတ်ဘူးလား"

"ဟုတ် သားကုန်အောင်စားမှာပါ "

"ဟုတ်ပြီး အခုတော့ မနက်စာစားကြရအောင် ကိုကိုက လပြည့်လေး အတွက်နွားနို့ဝယ်ထားတယ်"

"အွန်း သားသောက်မယ် "

"အလိမ်မာတုံးလေးကွာ လာပါအုန်း အာမွ"

"အင့်ဟင့် သားသားက သွားမတိုက်ရသေးဘူး"

"ဒါပေ့မယ် ကိုကိုသွန်း ကနမ်းချင်တယ်လေ"

After being reborn, he became her father (No Translation OC fic)Where stories live. Discover now