Extra 1

480 33 0
                                    

Zawgyi

"အော့ နာ့သွားဘီ... ဟင့်... "

"အို့ အရမ်းနာသွားလား ကိုကိုကြည့်ပေးမယ် ဘယ်နားနာသွားသလဲ "

"ဟင့်.. အီး...သူများခို နာ့အောင်လုပ်တယ်.. အီး"

"ဖွဖွ နှာဖူးလေးလား နာသွားတာ မငိုနဲ့တော့နော် ကိုကို ရေခဲချောင်းဝယ်ကျွေးမယ်နော် "

"အွန်း တကယ်ဝယ်ကျွေးမှာလား "

"တကယ်ပေါ့... မငိုနဲ့တော့နော် "

ခန့်ဟန်ညား တစ်ယောက်အဖေဖြစ်သူနဲ့စကားများကာ အပြင်ကိုစိတ်ညစ်ညစ်နဲ့လျှောက်လာခဲ့တာကြောင့် အရှေ့ကအလောတကြီးနဲ့ပြေးလာတဲ့ ကလေးလေးတစ်ယောက်ကိုသတိမထားမိလိုက်ပေ ထိုကလေးလေးကသူကိုတိုက်မိပြီးတော့ လှဲသွားတာကြောင့် သူထိုင်ချပြီးကလေးလေးကိုထူပေးဖို့လုပ်ခဲ့ပေ့မယ် သူမျက်နှာကိုမြင်တာနဲ့ နှာဖူးနုနုလေးကိုကိုင်ကာ နာလို့ငိုတော့သည်။

ကလေးတွေကိုမုန့်နဲ့တကယ်ကိုချော့လို့ရတာဘဲ ရေခဲမုန့်ဝယ်ကျွေးမယ်ဆိုတာနဲ့ ချက်ချင်းအငိုရပ်သွားခဲ့တော့သည်။ ကလေးလေးက သူ့သူငယ်ချင်း ကောင်းကင်လွမ်းဇော် ရဲ့အမည်ခံသမီးငယ်လေးနဲ့အရွယ်တူလောက်ဖြစ်ဟန်ပေါ်သည်။

"ကိုကို ကိုကိုနာမည်ကိုသိလို့ရမလားဟင့်"

"သိပြီးဘာလုပ်မလို့လဲ ကိုယ့်နာမည်က ခန့်ဟန်ညား တဲ့ မှတ်ထားနော်"

"အွန်း... သားနောက်တစ်ခေါက် ကိုကိုခန့်နဲ့တွေ့ရင် သားရေခဲမုန့်ဝယ်ကျွေးမယ်နော့ "

အချိုကိုသိပ်ကြိုက်ဟန်ပေါ်သည့်အကောင်လေးမှာ အရှေ့ကသွားလေးတွေ့က ပိုးစားနေပေ့မယ် သူလေးပြုံးပြသည့်အပြုံးကတော့ အရမ်းကိုချိုမြိုင်နေပြန်သည်။ သူရဲ့မိထွေးသားသမီးတွေလဲ ဒီလိုချစ်စရာကောင်းတဲ့ညီလေးညမလေးတွေ မွေးထားရင်ကောင်းမှာဘဲလို့တွေးမိပြန်တယ်...

"ကောင်းပါပြီ ဗျ "

"သော်သော်... ဉီးငယ်ရှာလိုက်ရတာကွာ ဘာလို့တစ်ယောက်တည်းလျှောက်သွားနေတာလဲ "

အလျင်စလိုပြေးလာဟန်ပေါ်သည့် ကောင်းကင်က ခန့်ဟန်ညား ဘေးနားက ကလေးလေးကိုစိုးရိမ်တကြီးခေါ်ပြီး ခန့်ဟန်ညား ကိုမြင်မှစိတ်ကျတဲ့ပုံနဲ့ သူတို့ထိုင်နေကြတဲ့ သစ်ပင်အောက်က တနေရာမှာဝင်ထိုင်လိုက်လေသည်။

After being reborn, he became her father (No Translation OC fic)Where stories live. Discover now