🍒14🍒

920 79 2
                                    

Zawgyi ver

"​ယောကျာ်း... ပြစရာရှိတယ်ဆိုတာက ယောကျာ်းရဲ့ ကုမ္ပဏီ ကိုလား...ဒါဆို ကျွန်တော်ကသိထားပြီသားလေ"

"မဟုတ်ပါဘူး... အခုက တရားဝင်မိတ်ဆက်ပေးမလို့ ကိုယ်ဇနီးအနေနဲ့လေ ရမလား"

"အာ...."

နုနယ်သူမဟုတ်တဲ့သွန်းထက်တစ်ယောက် ဉီးကောင်းရဲ့အပြောတွေ့အောက်မှာရင်တုန်ပန်းတုန်နဲ့ အပျိုဖြန်းလေးသဖွယ်ဖြစ်နေရပြီလေ... ဒါပေ့မယ် ရှက်ရွံ့သည့်စိတ်ကိုထိန်းချုပ်လို့မရတာကြောင့် ခေါင်းလေးငုံ့ရင်းသာ ဉီးကောင်းရဲ့မေးခွန်းကိုအတည်ပြုပေးလိုက်သည်။

"ကလေးလေးကတော်လိမ်မာတာဘဲ မွ"

"ယော..ယောကျာ်း "

ခေါင်းငုံ့နေပေ့မယ်မို့မို့လေးဖြစ်နေသည့်ပန်းရောင်သန်းနေသည့်ပါးပြင်ငယ်လေးကိုဖိနမ်းလိုက်တာကြောင့်သွန်းထက်တစ်ယောက် ပိုရှက်သွားကာ ခေါင်းကိုအောက်သို့ပိုငုံ့က လည်ပင်းလေးကိုအသာကုတ်ခြစ်နေမိသည်။ ကားမောင်းနေသည့် ကောင်းကင်တစ်ယောက်ကတော့ အကောင်ပေါက်လေးကိုသူအောက်မှာဖိထားကာ sexကျကျအော်ညည်းနေသည့်ပုံစံကိုတွေ့မြင်သွားချင်တဲ့စိတ်ကပေါ်လာပေ့မယ် ကားပေါ်မှာမို့ဆန္ဒကို ထိန်းချုပ်ကာ ကားကိုကုမ္ပဏီရှေ့မှာရပ်ကာ ကားသော့ကို ယာဉ်မောင်းလက်ထဲသို့ပေးလိုက်ပြီး သွန်းထက်လေးအတွက် ကားတံခါးကိုကိုယ်တိုင်ဖွင့်ပေးပြီးတော့ သူရဲ့ဘယ်ဘက်လက်လေးကိုကမ်းပေးကာ သွန်းထက်လေးကို ကားပေါ်ကတွဲကာဆင်းစေသည်။ သွန်းထက်လေးကရှက်နေတာကြောင့်မျက်နှာလေးက နီနေပေ့မယ် ကောင်းကင် ကမ်းပေးသည့်လက်ကိုတော့မငြင်းဘဲလက်လေးကိုချိတ်ကာ နှစ်ယောက်သား ကုမ္ပဏီ ထဲသို့ဝင်ခဲ့လိုက်သည်။

"Boss "

"အသင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ ရှယ်ယာရှင်တွေ့အသင့်ရောက်နေပါပြီ"

"ကောင်းပြီ... လာbaby "

ဉီးကောင်းရဲ့လက်ထောက်က အောက်ထပ်မှာလာကြိုစောင့်နေပြီးအလုပ်ကိစ္စတွေ့ကိုအသင့်ပြင်ထားကြောင့်ပြောနေစဉ် အောက်ထပ်သို့ရောက်ရှိနေသည့် ဝန်ထမ်းအချို့ကလဲ ဉီးကောင်းလက်ကိုချိတ်ကရပ်နေသည့်သူကို စူးစမ်းချင်နေသည့်အကြည့်တို့နဲ့ကြည့်ကာ အဝေးကနေတစ်ယောက်နဲ့တစ်ယောက်တိုးတိုးပြောကာ ရှိနေကြသည်။ ဒါတွေ့ကိုဉီးကောင်းကတော့ဂရုစိုက်ဟန်မပေါ်ပေ။ သူကိုbabyဟုခေါ်ကာ ဓာတ်လှေကားထပ်သို့ဝင်စေကာ အပေါ်ထပ်သို့ ဉီးကောင်းလက်ထောက်နဲ့အတူ၃ယောက်သားအစည်းအဝေးခန်းမရှိရာသို့ သွားခဲ့ကြသည်။

After being reborn, he became her father (No Translation OC fic)Where stories live. Discover now