🍒11🍒

1.1K 89 5
                                    

Zawgyi ver

'Deeee deee '

Phone notice သံကြောင့်မှေးနေတာကနေ ထကာ ဖုန်းကိုကြည့်မိလိုက်တော့ သူမဆီက ပို့ထားသည့်စာပေါင်း များစွာကိုတွေ့လိုက်ရတယ်..

"ဟန့် "

သူမကိုလမ်းခွဲရတဲ့အကြောင်းပြချက်ကသူမအပေါ်ကိုဖောက်ပြန်ပြီးတော့ အခြားတစ်​ယောက်နဲ့တွဲသွားနေတာကြောင့် သူမကိုလမ်းခွဲသွားတာမျိုးဖြစ်ခဲ့ရင် သူမအနေနဲ့ သူကိုအလွတ်မပေးဘူးဆိုတဲ့အကြောင်းနဲ့ သူမစာကိုမြင်တာနဲ့ ချက်ချင်းသူမဆီကို ဆက်သွယ်ပေးဖို့အကြောင်းကို  သူမကသူဆီစာပို့ထားခဲ့တာပင်...

"Baby "

"အာ... အလုပ်... အလုပ်ကိုသွားပြီထင်နေတာ"

"ဒီနေ့ မသွားတော့ဘူး အိမ်မှာဘဲ လုပ်စရာရှိတာကိုလုပ်ဖို့ ပြင်ထားတယ်... ဘယ်သူဆီက လဲ "

နောက်ဆုံးစကားလုံးကို သွန်းထက်လက်ထဲကဖုန်းကိုကြည့်ကာ မေးခွန်းမေးလာတာကြောင့် သွန်းထက်က သူ့ယောကျာ်းကိုအမှန်အတိုင်းပြောပြလိုက်တယ်...

"ဟန့်... သူမကအတော်လေးယုံကြည်မူရှိနေတာဘဲ baby သူမနဲ့လမ်းခွဲတာ ဘယ်လောက်ရှိနေပြီလဲ "

"တပတ်လောက် ရှိပီ လို့ထင်တယ် "

"Babyက ex phကို bl list ထဲကိုမထည့်ဘူးပေါ့ လူလိမ်မာလေးဘဲ "

"အာ... ကျွန်တော်ကပြန်ဆက်သွယ်ချင်လို့အဲလိုထားထားတာမဟုတ်ပါဘူး... သူမရဲ့ပုံစံအရဆို သူမကိုထားခဲ့တဲ့သူကိုသူမဘက်က အဆက်အသွယ်လုပ်မယ် ပုံမပေါ်လို့လေ "

"ကိုယ်သိပါတယ်... ပြန်မအိပ်နဲ့တော့လေ ရေချိုးပြီးတော့ မနက်စာစားကြရအောင်"

"ဟုတ်... အာ လပြည့်လေးကို မေ့နေတာဘဲ"

"ဟက်ဟက် မပူပါနဲ့ ကိုယ် ဉီးမောင်ကို ထိန်းခိုင်းထားတယ် "

"ဟုတ်"

"ထနိုင်ရဲ့လား... ကိုယ်ရေချိုးခန်းကိုလိုက်ပို့ပေးရမလား"

သွန်းထက်က ဉီးကောင်းကို အလုပ်သွားပြီထင်တာကြောင့်ရယ် မှောင်နေတဲ့အခန်းကြောင့်ရယ်ကြောင့် သွန်းထက်က နိုးလာတာနဲ့ ကုတင်ဘေးတင်ထားတဲ့ဖုန်းကိုလှမ်းစမ်းကာ ကြည့်ခဲ့ ခြင်းပင်....

After being reborn, he became her father (No Translation OC fic)Where stories live. Discover now