🍒8🍒

1.1K 109 1
                                    

Zawgyi Ver

"ဉီးလင်း ဧည့်ခန်းတွေ့ကိုရှင်းထားပေးပါ မဟုတ်သေးဘူး ဧည့်ခန်းက တစ်ခန်းတည်းရှင်းထားလိုက်ပါ "

"ဟုတ်ကဲ့ပါ သခင်ကြီး မမလေးကို အိမ်ပြန်ခေါ်မလို့လား"

"မဟုတ်ဘူး...  သူမအတွက်ဒီအိမ်မှာနေရာထပ်ရှိလာတော့မှာမဟုတ်ဘူး... "

"သခင်ကြီး... မမလေးက ငယ်ရွယ်သေးလို့အပြစ်လုပ်မိတာရှိနိုင်ပေ့မယ် မမလေးက သခင်ကြီးပေါ်တကယ်ချစ်ရှာပါတယ်"

"ဉီးလင်း... "

" ကျွန်တော်နားလည်ပါပြီ... "

မမလေးအကြောင်းကိုပြောလိုက်တာနဲ့ သခင်ကြီးရဲ့မျက်နှာက တင်းမာသွားတာကြောင့် ဉီးလင်းမောင် ခင်ဗျားစကားဆက်မပြောရဲတော့ပေ။ မမလေးက သခင်ကြီးအပေါ်ဘာလုပ်ခဲ့သလဲဆိုတာ ဉီးလင်းမောင်မသိပေ့မယ် သားဖတွေ့မို့တစ်နေ့ ပြေလည်သွားလိမ့်မယ်လို့တွေးခဲ့မိပေ့မယ် အခုပုံစံကိုကြည့်ရတာ အဆင်မပြေလောက်တော့ပေ။

"ဉီးလင်း... "

"ဗျာ. ဟုတ်ကဲ့"

"ဉီးလင်း ၂နှစ်ကလေးအတွက် ဘာတွေ့လိုအပ်သလဲဆိုတာကိုသိလား"

"အာ... မ...မဟုတ်မှ သခင်ကြီး... အပြင်...အပြင်မှာ "

"...."

"မ...မဖြစ်တာဘဲ.. "

"ဉီးလင်း ဧည့်ခန်းကိုရှင်းပြီးတော့ ၂နှစ်သာ ကလေးအတွက်လိုအပ်သမျှကို အကုန်ပြင်ဆင်ထားပေးပါ... "

"ဟုတ်ကဲ့ "

ကောင်းကင်တစ်ယောက် ဉီးလင်းကိုအမိန့်ပေးပြီးနောက် အသားရောင်လေသာဆိုဖာခုံတန်းရှည်မှာ မှီလျက်ထိုင်ကာ စိတ်ကိုခဏဖြေပျော့လိုက်သည်။ ဉီးလင်းက ထွက်မသွားသေးဘဲ ကောင်းကင်ကိုမေးစာရှိနေသည့်အပြုအမူလေးနဲ့ ရပ်နေတာကြောင့် ကောင်းကင်တစ်ယောက် သက်ပြင်းရိုက်လိုက်မိတော့သည်။

ဉီးလင်းမောင်ဆိုတာက ကောင်းကင်တစ်ဉီးတည်းဆီမှာ အလုပ်လုပ်သူမို့လို့ ကောင်းကင်ကို သခင်ကြီးလို့ခေါ်ပြီးတော့ လူယုံတော် အိမ်တော်ထိန်းလဲ ဖြစ်သလို ကောင်းကင်ကိုလဲ တူတစ်ယောက်လိုသားတစ်ယောက်လို ချစ်ခင်တတ်တဲ့သူမို့လို့ ကောင်းကင် က ယနေ့သူလက်ထပ်ခဲ့သည့်အကြောင်းကိုပြောပြလိုက်သည်။ အရင်ဘဝက သူ(ကောင်းကင်) ကြွက်သားတွေအားနေပြီဘာမှုပ်မရတော့တဲ့အချိန်မှာ ဉီးလင်းက ရောဂါတစ်စုံတစ်ရာမရှိဘဲ သေဆုံးသွားခဲ့သည်။ ထိုကိစ္စသည်ကာ သူမ ပရောဂါမကင်းဘူးဆိုတာကိုသူသိခဲ့တယ်

After being reborn, he became her father (No Translation OC fic)Where stories live. Discover now