Part 2

4.5K 348 15
                                    

Zawgyi
(တစ်ရက်ခြားလို့ ပြောပေမယ့် ဆက်နေပြီ ကလေးတို့လဲ ကလစ်ပေးကြအုန်းနော် တက်အားသရွေ့)

ဘာမှန်းမသိပဲ မခင်ကြည်မှာ ကလေးတစ်ယောက်အဖတ်တင်သွား၏။ အဆက်အသွယ်မရတဲ့မောင်ဖြစ်သူက သူမဆီကိုလာပေးသွားတာ မဟုတ်လား။ ဘယ်ကကလေးလဲဆိုတာမေးဖို့မလို ဘာမှလဲ သူမကိုပြောမသွား။ သူမမောင်ရဲ့အသားအရောင်အတိုင်း အနည်းငယ်ညိုပြီး မောင်ငယ်ငယ်တုန်းကလိုလေးပင်။ ကြီးလာမှ ရုပ်ပြောင်းသွားရင်တော့မပြောတတ်။ ကလေးက အနေအေးပြီး ရောက်လာတဲ့ တစ်ခါပဲ ငိုလိုက်၏။ ရွာထဲကနွားမ ရှိတဲ့ ဦးမောင်တို့အိမ်က နွားနို့ကိုနေ့စဉ်ယူပြီး ကြိုတိုက်ရသည်။ ကလေးတစ်ယောက်ကို ကားအကောင်းစားစီးပြီး သူမဆီလာပေးသွားရအောင် ဒီကလေးက သူမမောင်အငယ်အနှောင်းများထားလို့များလို့ သူမတွေးနေမိတာပင်။ ရွာထဲက သူတွေကတော့ သူမမောင်ကို ပြစ်တင်ပြောဆိုကြတာပေါ့။ သူမမောင်ကကားကိုကိုယ်တိုင်မောင်းကာ ရောက်လာတာအားလုံးမြင်လိုက်တာပဲမလား။ ရွာကိုစွန့်ခွာပြီးထွက်သွားတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပေမယ့် အားလုံးကိုဒီမျက်နှာပေါက်ကိုမှတ်မိနေတုန်းပင်။

“ခင်ကြည် ညည်းလဲနော် ဝဋ်ပါပဲအေ”

“ဝဋ်လို့မသတ်မှတ်ပါဘူး မဝါရယ်”

“ကောင်းပါတယ် အဲ့လိုစိတ်ထားတာ၊ ကလေးက ချစ်စရာလေးနော် ယောက်ျားလေးဖြစ်ပြီး စံပယ်တင်မှဲ့လေးနဲ့”

“အင်း လူကြီးသူမသိတတ်တဲ့ကလေးဖြစ်မှာ၊ လိမ္မာလိုက်တာ ငိုခြင်းပြုခြင်းမရှိဘူး”

“အေး လူချစ်လူခင်တော့ပေါတယ်တော့၊ ညည်းမောင်ကိုမကောင်းပြောပေမယ့် ကလေးကိုတော့ မြင်ရင်အားလုံးကချစ်ကြတယ်”

သူတို့ရွာဆိုတာ မြို့နဲ့အလှမ်းဝေး၏။ မြို့ကိုသွားဖို့ဆိုရင် ရွာရဲ့မြေကြီးလမ်းကိုဖြတ်ကာ ကတ္တရာခင်းထားတဲ့ကားလမ်းမကိုအရင်ရောက်အောင် တစ်နာရီလောက် စက်ဘီးသွားရသည်။ ပြီးမှ ကိုယ်သွားလိုရာ မြို့ကိုသွားဖို့ ကားလက်မှတ်တွေရောင်းရာ နယ်မြို့လေးကို ဆိုင်ကယ်,ကယ်ရီငှားသွားရ၏။ ထိုကမှ တစ်ဆင့်ကားလက်မှတ်ဖြတ်ကာ သူတို့သွားလိုရာမြို့ကိုသွားကြရတာဖြစ်သည်။ သူတို့ရွာကတော့ ရွာစီးပွားရေးဖြစ်တဲ့ မိုးရာသီဆို စပါးစိုက်ပြီး ဆောင်းတွင်းဆိုမတ်ပဲ၊ ပဲတီစိမ်းစိုက်၏။ ခင်ကြည်ကတော့ မိဘတွေထားခဲ့တဲ့ လယ် ၅ ဧကကိုအလုပ်သမားငှားကာ လုပ်ကိုင်နေတာဖြစ်သည်။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now