Part 8

2.9K 237 5
                                    

Zawgyi

"ရင်မျိုးဆင့်တို့များ ငါတို့ကိုမေ့သွားပြီထင်နေတာ"

"မဟုတ်ပါဘူး၊ ကြီးမေကိုလဲ တစ်ယောက်ထဲမထားခဲ့ချင်လို့လေ၊ အဲ့ဒါကြောင့်ပြန်မလာဖြစ်တာ"

"အေးပါ ငါနဲ့ရာဂျစ်ကပဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

"အဲ့ဒါကြောင့် နင်တို့ကိုချစ်နေရတာ"

ရင်မျိုးဆင့်ရွာကိုခဏပြန်ရောက်နေတာဖြစ်ပြီး ဆွေ‌ဆွေနဲ့ရာဂျစ်သည်သူ့အားလာတွေ့နေတာဖြစ်သည်။ ရွာကိုပြန်မလာရတာကြာပြီဖြစ်တာကြောင့်ရော၊ ကြီးမေ လယ်ခစားချခဲ့တဲ့အမြတ်ထဲကတစ်ချို့တစ်ဝက်ကိုပါ လာယူတာဖြစ်၏။ အိမ်ကိုလဲ သေချာရှင်းလင်းရသေးသည်။ ရာဂျစ်အိမ်မှာလာနေပေးပုံရ၏။

"မင်းကိုလဲအားနာတယ်"

"အားနာရမယ့်လူလား ဒီလူနဲ့ဒီလူ၊ ငါကမင်းလိုတော့သန့်ရှင်းနေအောင်မရှင်းတတ်ဘူး၊ နိုင်သလောက်တော့လုပ်ပေးထားတယ်"

"ရတယ် ရတယ် ဒီလောက်ဆိုအဆင်ပြေတယ်၊ အခုမင်းတို့နှစ်ယောက် တန်းပြဆင်းနေပြီလား"

"အင်း ဆင်းနေပြီ၊ ငါတို့နဲ့အတူ နင်ပါရှိရင်ကောင်းမှာပဲ"

"အဲ့လိုမတွေးပါနဲ့၊ ကျောင်းမှာလိုအပ်တာရှိရင်ပြောလေ ငါမပြန်ခင် ဝယ်လှူခဲ့ပေးမယ်"

"အင်း"

အိမ်မှာတစ်လလောက်နေဖို့တော့စဉ်းစားထားသည်။ ကြီးမေလည်းအခုဆို ဦးလေးအိမ်မှာနေသားကျနေပြီဖြစ်ပြီး ဘုရားတရားပိုလုပ်ဖြစ်ကာ အေးချမ်းနေ၏။ မပြန်ခင်ဒီအိမ်၏ ပျက်နေတာလေးတွေပြင်ဖို့ရာဂျစ်နှင့်တိုင်ပင်ကာ ဝယ်ခြမ်းပြင်ရသေးသည်။ ဈေးကိုဆိုင်ကယ်နှင့်တက်ကာ အိမ်အတွက်လိုအပ်သည့်ပစ္စည်းတွေနှင့်အတူ ကျောင်းကိုလှူဒါန်းဖို့စာအုပ်၊ ခဲတံကမှအစ ဝယ်ခဲ့လိုက်၏။

"မင်း ရန်ကုန်မှာရည်းစားရနေပြီလား"

"ဘယ်ကရမလဲ"

"ဟာ တကယ်လား"

"အင်း စကားမများနဲ့ ငါ့ကိုဟိုဘက်က သစ်ချောင်းယူပေး ဒီနေရာကိုကပ်ရိုက်ရအောင်"

မီးဖိုချောင်သစ်တစ်ချောင်းဆွေးနေ၍ အစားထိုးနေတာဖြစ်သည်။ ရင်မျိုးဆင့်တောင်းသည်ကိုယူပေးရင်း ရာဂျစ်သည် မလှမ်းမကမ်းတွင်သူတို့စားဖို့ချက်ပြုတ်ပေးနေသည့်ဆွေဆွေ့ကိုကြည့်လိုက်၏။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now