Zawgyi
ဘတ်စ်ကားစီးကာ ကျောင်းသွားတက်ပြီး အရင်နှစ်က ကိုယ်နဲ့အတူထိုင်သည့် သူငယ်ချင်းသည် ဘယ်ရှာရမှန်းမရှိတော့။ အခုလည်း ခုံရှည်မှာ တစ်ယောက်ထဲ ထိုင်ကာ ပြတင်းပေါက်မှအပြင်ဘက်အား ကြည့်နေလိုက်သည်။
“မင်းကရင်မျိုးဆင့်မလား”
“ဗျာ ဟုတ်တယ်”
“ငါက မင်းသန့် ငါမင်းနဲ့အတူထိုင်မယ်နော်”
“ရတယ်”
“ငါမင်းကိုသိတယ်၊ မင်းက အမြဲတမ်းတစ်ယောက်ထဲပဲထိုင်တာလေ”
“အင်း”
“ငါလာထိုင်တာ ဘာမှမဖြစ်ဘူးမို့လား”
“မဖြစ်ဘူးရတယ်”
မင်းသန့် ရင်မျိုးဆင့်ကို သတိထားမိတာ ပြီးခဲ့နှစ်ကဖြစ်ပြီး စကားပြောဖို့အခွင့်အရေးမသာတာကြောင့် နေလိုက်ရတာဖြစ်သည်။ နောက်ဆုံးနှစ်မှ စကားပြောရတာဖြစ်ပြီး တစ်မျိုးလေးပင် အေးအေးလေးဖြစ်၏။
“မင်းက ဒီလိုပဲတစ်ယောက်ထဲ နေတတ်တာလား”
“အင်း”
“ငါစကားများလို့ စိတ်မဆိုးဘူးမလား"
“မဆိုးပါဘူး”
ရင်မျိုးဆင့် ပြုံးလိုက်မိ၏။ နောက်ဆုံးနှစ်မှ သူ့အားစကားအများကြီး လာပြောသည့်သူငယ်ချင်းတစ်ယောက်ရှိနေတယ်မဟုတ်လား။ မင်းသန့်ကိုယ်တိုင်လည်း ဒီသူငယ်ချင်းနှင့်စကားပြောရတာကြိုက်သည်။ တီရှပ်၊ ရှပ်အင်္ကျီနှင့်ပုဆိုးကိုပဲ စွဲစွဲမြဲမြဲဝတ်တာ သူသတိထားးမိခဲ့တာမလား။ သူဝတ်သည့်အဝတ်အစားနှင့် သူ့နေပုံထိုင်ပုံလေးသည်လိုက်သည်။
“မင်း ဘယ်ကိုပြန်ရမှာလဲ ငါနဲ့လမ်းအတူရင် အတူတူဘတ်စ်ကားစီးမယ်လေ”
ကျောင်းဆင်းစကားပြောရင်းအတူတူထွက်လာတာဖြစ်သည်။
တီ~တီ~~
ရင်မျိုးဆင့် ပြန်ဖြေမည့်အချိန်တွင် ကားဟွန်းသံသည်ပေါ်ထွက်လာ၏။ ကားဟွန်းသံလာရာကြည့်လိုက်သည့်အချိန်တွင် ကိုကို့ကားဖြစ်နေသည်။
“မင်း အသိလား”
“အင်း”
မင်းစစ်သည် ကားဟွန်းတီးလိုက်၏။ တွေ့ချင်လို့ ဒီအထိလိုက်လာပြီး လာကြိုတာကာမှ ဘေးမှ အကောင်တစ်ကောင်ကပါလာလေသည်။ ဘယ်ကအကောင်မှန်းမသိ ရင်မျိုးဆင့်နှင့်ဘေးတိုက်လျှောက်ရင်း စကားတွေတတွတ်တွတ်နှင့်ပြောကာလာနေတာဖြစ်၏။ သူ ကားဟွန်းတီးလိုက်သည်ကို အံ့ဩသည့်မျက်လုံးဖြင့် သူ့၏အညိုဆင်လေးသည် ကြည့်နေသည်။ ကားထဲမှ ဆင်းကာ သူလျှောက်သွားလိုက်သည်။
YOU ARE READING
ဒဏ်ရာများနဲ့နှလုံးသား