Zawgyi
စိတ်ကူးခဲ့တဲ့ကျောင်းဆရာဆိုတာ မဖြစ်နိုင်တော့မှန်း ရင်မျိုးဆင့်သိလိုက်၏။ ကြီးမေရဲ့မောင်ဆိုပေမယ့် သူနဲ့လဲမေးထူးခေါ်ပြောရုံလေးပဲရှိတာဖြစ်သည်။ ကြီးမေကနေ့တိုင်းလိုလို ဦးလေးတို့အိမ်ကထမင်းချက်အန်တီကြီးကို ကူလုပ်ပေးလေ့ရှိပြီး သူကခြံထဲအမှိုက်တွေဘာတွေရှင်းပေး၏။ ဦးလေးမှာသမီးတစ်ယောက်ရှိတယ်လို့သိရပြီး နိုင်ငံခြားမှာကျောင်းတက်နေတယ်လို့ဆိုသည်။ တစ်ခါတစ်ရံ ဦးလေးကဖြစ်စေ ဦးလေးအမျိုးသမီးကဖြစ်စေ သူ့ကိုစိုက်စိုက်ကြည့်တတ်တာ သူသိ၏။ သူအဝေးသင်တက်ဖို့ပဲဆုံးဖြတ်လိုက်ပြီးကြီးမေကိုပြောပြပေမယ့် ကြီးမေကလက်မခံချင်ဖြစ်နေသည်။ လက်မခံချင်လဲလက်ခံရမှာ ဒါကသူ့အတွက်သူစိမ်းအိမ်ဖြစ်နေ၏။
"ဖေဖေ လွမ်းနေတာ"
"လူဆိုးမလေး အိမ်ပြန်လာတာကိုကြိုမပြောဘူး"
"မေမေရော"
သူကြီးမေနဲ့အတူဦးလေးဖြစ်သူနဲ့ ဧည့်ခန်းမှာထိုင်နေသည့်အချိန် ဦးလေး၏သမီးဖြစ်သူ အဝတ်အိတ်ဆွဲကာဝင်လာတာဖြစ်၏။ ဦးလေးဖြစ်သူလည်း သမီးကိုပြန်လာမည်လို့မထင်ထားတာကြောင့်ထင်သည် အံ့ဩနေသည်။
"သမီး မေမေ မီးဖိုချောင်ဘက်မှာ သမီးပြန်လာတာသိရင် ဝမ်းသာပြီငိုမလားပဲ"
ဦးလေးဖြစ်သူရဲ့ပြောစကားအဆုံး ဦးလေးရဲ့သမီးက မီးဖိုချောင်ဘက်ကိုတိတ်တိတ်ကလေး ပြေးဝင်သွားသည်။ တကယ်လဲ ဦးလေးပြောသလိုပါပဲ မီးဖိုချောင်ဘက်မှ အန်တီ့ငိုသံကိုအိမ်ရှေ့ကသူတို့ အတိုင်းသားကြားနေရတော့သည်။
"ဒါက ဖေဖေ့မမလေ သမီး"
အိမ်ရှေ့ခန်းမှာ လူစုံနေပြီဖြစ်ပြီး ဦးမြင့်ဆွေကသမီးဖြစ်သူကို အစ်မဖြစ်သူနဲ့မိတ်ဆက်ပေးသည်။ သိမ့်ရှေ့ကသားအမိနှစ်ယောက်ကို သဘောမကျသလို အိမ်မှာခေါ်ထားတာကို သိပ်မကြည်ဖြူချင်။ ဘေးက ကောင်လေးကြည့်တော့လဲ သူမထက်ငယ်တဲ့ပုံပေါက်သည်။ ယောက်ျားလေးဖြစ်လင့်ကစားစံပယ်တင်မှဲ့နဲ့ထိုကောင်လေးကတစ်မျိုးလေးဖြစ်၏။ အသားက ခပ်လတ်လတ်၊ ပိန်ပိန်းပါးပါးနှင့်ကြည့်ရတာပြေပစ်သည်။ လောလောဆယ်တော့ ပြုံးပြလိုက်ပြီး နောက်မှ ဖေဖေနဲ့မေမေ့ကို သူမသဘောမကျကြောင်းကို ပြောပြဖို့တွေးလိုက်၏။
أنت تقرأ
ဒဏ်ရာများနဲ့နှလုံးသား