Part 23

2.7K 192 17
                                    

Zawgyi

ဆေးရုံသွားသည့်သူတွေသည် အိမ်တွင်လူတစ်ယောက်ကျန်ခဲ့သည်ကိုမေ့နေကြ၏။ စိုးရိမ်စရာမရှိပေမယ့် ဆေးရုံတွင်တစ်ရက် နှစ်ရက်စောင့်ကြည့်ရန် ပြောလာသည်။

“ကိုကို ဘယ်ကိုလဲ”

“အပြင်ခဏ”

“ရင်မျိုးဆင့်အစား သိမ့်တောင်းပန်ပါတယ်နော်၊ သူ့ကိုပြန်ခေါ်သွားပြီး ပြန်ပို့လိုက်မယ်နော်”

“ကိုယ် သူနဲ့စကားပြောလိုက်အုန်းမယ် ပြီးရင်ပြန်လာခဲ့မယ်”

သိမ့် ဒီလောက်တော့လွှတ်ပေးထားလိုက်၏။ ကိုကိုသည် ဒီလိုမျိုးပုံစံနှင့် ပတ်ဝန်းကျင်ကိုမထွက်ရဲဘူးဆိုတာ သူမ သိလိုက်ရတယ်မလား။ တကယ်ချစ်၍ဖြစ်စေ၊ မချစ်၍ဖြစ်စေ ကိုကိုသည် သူ၏ကိစ္စအားဝန်မခံရဲ။

မေမေ့စိတ်နှင့်အိမ်တွင်ကျန်ခဲ့သူလေးအား မေ့နေခဲ့သည်။ ကားကိုအမြန်ပြန်မောင်းကာ အိမ်ကိုပြန်ပြေးရ၏။ အိမ်ထဲကားဝင်သည်နှင့် အရင်လို မဟုတ်တော့။ အရာအားလုံးသည် ချောက်ကပ်ကပ်နှင့်။ ကလေး ဘယ်ရောက်သွားပြီလဲ။ မင်းစစ်သည် အိမ်ထဲအပြေးဝင်ကာ ကြည့်ပေမယ့်အပြင်တွင်မတွေ့။ အိပ်ခန်းထဲဝင်လိုက်သည့်အခါတွင် ကုတင်စပ်တွင်ငုတ်တုတ်လေး ထိုင်နေသည့်ကလေး။ မင်းစစ်သည် အပြေးသွားကာ ကုတင်စပ်တွင်ထိုင်နေသည့် ကလေးအောက်တွင် ဒူးတုတ်ထိုင်လိုက်ပြီး လက်ကလေးနှစ်ဖက်ကိုကောက်ကိုင်လိုက်၏။

“ကလေး ဒီအတိုင်းကြီးနေနေတာလား”

ကလေးဆီမှ ဘာစကားသံမှမထွက်။ မျက်ရည်စီးကြောင်းတွေမြင်သည်နှင့် မင်းစစ်သည်ရင်ဘတ်တွေနာကျင်ရသည်။ ကလေးသည် သူအား မျက်တောင်မခတ်ပဲ ငြိမ်ကာကြည့်နေ၏။ သိတာပေါ့ သူ့အပေါ်ဒီလိုလုပ်တာကို မယုံနိုင်ဖြစ်နေတယ်ဆိုတာ သိတာပေါ့။ သူအသုံးမကျတာသူသိပါတယ်။ ရုတ်တရက်ရောက်လာတာရော မေမေနဲ့ဖေဖေ မျက်နှာတွေကိုကြည့်ကာ နှုတ်ကအမှန်အတိုင်းမထွက်နိုင်ခဲ့တာ။

“ကလေး ကိုကိုပြောပြမယ်၊ ကိုကို့မေမေ ဆေးရုံကဆင်းပြီး စိတ်ငြိမ်သွားတာနဲ့ ကိုကိုဖွင့်ပြောမယ်နော်”

…………

“ကိုကိုသေချာဖွင့်ပြောမယ်နော်၊ ကိုကိုဖွင့်ပြောတဲ့အချိန်ထိ ကလေးကစောင့်ပေးပါနော်”

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now