Part 11

2.7K 226 4
                                    

Zawgyi

"သိမ့် မင်းကိုကို,ကိုကိုယ်နဲ့အပြင်သွားတာပြောထားလား"

"ပြောထားတယ်လေ"

"သူဘာမှမပြောဘူးလား"

"ဘော်ဒါအကန့်လို့ပဲပြောထားရတာပေါ့"

"အော် ဒါနဲ့သိမ့်သူ့ဆီလိုက်သွားမယ်ဆိုကိုယ့်ကိုပြောအုန်း၊ ကိုယ်လဲ အဲ့လိုနယ်ဘက်သွားချင်လို့"

"အင်း သွားကြမလား"

မိုခမ်းသိမ့်နဲ့တစ်ပတ်ကို ၄ ရက်လောက်ကတွေ့ဖြစ်နေတာဖြစ်သည်။ သိမ့်သည်သူနှင့်အပြင်သွားတဲ့နေ့မျိုးဆို သူ့ကိုကိုကြိုကာအရင်ပြောထားပုံရ၏။ ဖုန်းလာတာလည်းမတွေ့သလို ဖုန်းတာလည်းမတွေ့။ မိုခမ်းသိချင်နေသည်က သိမ့်ကိုကိုနဲ့ဟိုကောင်လေးရဲ့အခြေအနေဖြစ်၏။ ဟိုကောင်လေးသည် သိမ့်ကိုကိုနှင့်အဖော်လိုက်သွားရသည်လို့သူသိထားသည်မဟုတ်လား။ တစ်အိမ်ထဲမှာ သူစိမ်းယောက်ျားလေးနှစ်ယောက်အတူနေ,နေတာဖြစ်ပြီး သူတို့ရဲ့စိတ်ကသန့်ရှင်းရဲ့လားကိုသိချင်နေတာဖြစ်သည်။ ပြီးတော့သူကိုယ်လည်း ထိုကောင်လေးကိုမမြင်ရတာကြာပြီဖြစ်တာကြောင့်မြင်တွေ့ချင်နေလည်းပါ၏။ ဒါကြောင့်ပဲ သိမ့်ကိုသွားဖို့လမ်းစပေးလိုက်တာဖြစ်သည်။

သိမ့်ကိုယ်တိုင်လည်းကိုကို့ကိုတွေ့ချင်နေသည်။ ကိုကိုသိမ့်ပြောသမျှကိုယုံပေးနေတာကိုလည်းတစ်ခါတစ်လေ အားနာသလိုရှိ၏။ ကိုကို့ကိုတွေ့ချင်ပေမယ့်တစ်ဖက်မှာသာယာနေသည့်အခါ သိမ့်၏စိတ်တို့သည် တစ်ဖက်ကိုရောက်သွားပြန်သည်။ ဖုန်းဆက်တိုင်းလည်း ကိုကိုနေရတာအဆင်ပြေလားမမေးမိသလို၊ ဘာလိုအပ်လဲလည်းမမေးမိ။ သူမကိုလှန်းခေါ်မှာမလိုချင်တာကြောင့်ဖြစ်၏။ မောင်ဝမ်းကွဲတော်စပ်သူကိုထည့်ပေးလိုက်သည့်ကိစ္စသည်အဆင်ပြေပြေရှိလောက်သည်။ တစ်အိမ်ထဲအတူနေသူနှင့် နေရထိုင်ရ၊ စားရသောက်ရ အဆင်မပြေလျှင် ကိုကိုသည်ပြန်လွှတ်မှာသေချာ၏။ သူ့အတွက်အဆင်ပြေလို့သာ ‌ဆက်ခေါ်ထားတာဖြစ်သည်။

"သိမ့်သွားရင် လိုက်မယ်ဆိုတော့ ဘယ်လိုပြောမှာလဲ"

"ဟိုမှာကျောင်းအတူတက်ခဲ့တဲ့သူငယ်ချင်းပေါ့ ကိုယ်ဒီလောက်တော့နားလည်ပါတယ်"

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now