Part 10

3.2K 248 2
                                    

Zawgyi

"ရင်မျိုးဆင့် လိုက်ခဲ့မလား ကျန်ခဲ့မလား"

"ကျန်ခဲ့မယ်အစ်ကို၊ ကျွန်တော် သိမ်းစရာတွေရှိသေးလို့"

ကိုမျိုးသက်နှင့်ရွာဘက်ဆင်းကာ လိုအပ်သည့်ကုန်တွေရရှိရန် လက်ငုတ်လက်ရင်းတောင်သူတွေနှင့်တွေ့ဆုံကာမေးမြန်းပြောဆိုဖို့ဖြစ်သည်။

"လိုက်ခဲ့ပါလား ငါဆိုင်ကယ်မမောင်းတက်ဘူး၊ မင်းနောက်ကစီးရတော့အဆင်ပြေတာပေါ့"

မင်းစစ်သည်သည်မရရအောင်ခေါ်နေသည်။ ကိုမျိုးသက်နောက်ကထိုင်လိုက်ရသည်ထက် ရင်မျိုးဆင့်ဆိုပိုအဆင်ပြေလိမ့်မည်။ ဒီကိုရောက်တာ လပိုင်းရှိနေပြီး ရင်မျိုးဆင့်နှင့်ပြောရဆိုရ၊ နေရထိုင်ရတာ ပိုအဆင်ပြေသည်။ မင်းစစ်သည်ထံမှထိုသို့ပြောသံကြားလိုက်မှ ရင်မျိုးဆင့်အခက်တွေ့သွားတော့သည်။ အိမ်မှာလဲအဝတ်တွေလျော်ကာသိမ်းရအုန်းမည်။ အစ်ကို့ကြည့်ရတာ သူ့ကိုလိုက်စေချင်ပုံပေါ်၏။

"ညနေတော့မစောင်းဘူးမလားအစ်ကို"

"မစောင်းဘူး ကိုမျိုးသက်ပြောတာတော့ ဆိုင်ကယ်နဲ့ နာရီဝက်မောင်းရတယ်ပြောတယ် ညနေ ၄ နာရီလောက်ပြန်မယ်လေ"

"ဟုတ်ကဲ့ အစ်ကို"

"မင်း ဆိုင်ကယ်မောင်းတတ်တယ်မလား၊ ငါကိုမျိုးသက်ကို ဆိုင်ကယ်တစ်စီးစီစဉ်ခိုင်းထားတယ်၊ မင်းနောက်ကငါလိုက်စီးမယ်"

"ဟုတ် ရတယ်အစ်ကို"

ဆိုင်ကယ်နှင်မြေကြီးလမ်းကိုဆင်းရတာဖြစ်သည့်အတွက်ဆိုင်ကယ်သည်ယိမ်းထိုးနေ၏။ မြေကြီးလမ်းသည်ညှိထားပေမယ့် ချောမွတ်နေတာမဟုတ်။ ဆိုင်ကယ်နဲ့ဒီလမ်းကိုအဖြတ် 'ငါပြုတ်တော့မကျလောက်ဘူးမလား' ဟူ၍ အစ်ကိုမင်းစစ်သည်မေးလိုက်တာကို ရင်မျိုးဆင့်ရယ်လိုက်၏။ အစ်ကိုကကားပဲကျွမ်းကျွမ်းမောင်းတတ်သလို ကျွန်တော်လည်းဆိုင်ကယ်ကျွမ်းကျွမ်းကျင်ကျင်စီးတတ်ပါတယ် ဆိုပြီးပြောပြရသေးသည်။

"ကိုမျိုးသက် ဒီနေ့တစ်ရက်ထဲနဲ့ အပြီးညှိလို့ရအောင်စီစဉ်ပေးပါ"

မင်းစစ်သည် ဒီလမ်းကိုနောက်တစ်ခေါက်ထပ်မလာချင်။ နေပူပူမှာ ဆိုင်ကယ်ဦးထုတ်ဆောင်းကာ ရင်မျိုးဆင်းပုခုံးကိုင်ပြီး ပြုတ်မကျအောင်ထိန်းစီးရတာလွယ်တာမဟုတ်။ ‌တောင်သူတွေနဲ့တွေ့ဆုံကာ သူလိုချင်သည့်ပုံစံရဖို့ပြောဆိုသည်။ ပုံမှန်ပါက်ဈေးထက် ပိုပေးမည့်အကြောင်းကိုပါဆွေးနွေးခဲ့၏။ ပေါက်ဈေးထက်ပိုပေးရမှာဖြစ်သည့်အတွက် တောင်သူတွေဘက်က သီးနှံကိုသန့်နေအောင်လုပ်ပေးဖို့ပါ ထည့်ပြောရသည်။ တစ်ချို့တောင်သူမမည်သည့်တောင်သူတွေသည် သီးသန့်မလုပ်ပဲ မတူညီတာတွေရောထည့်တတ်တာကြောင့်ဖြစ်၏။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now