Part 3

3.7K 286 1
                                    

Zawgyi
("ရိုး" စာအုပ်လေးစနေလို့ အပ်ပုဒိတ်ကမှန်ချင်မှမှန်ပါတော့မယ်နော်၊ မှန်အောင်တော့ကြိုးစားရေးပေးပါမယ်ရှင်)

"ကိုကို ဘယ်ကိုလဲ"

"ဘာလုပ်မလို့လဲ သိမ့်"

"သိမ့်ပါလိုက်မလို့"

"ဘယ်ကိုလိုက်မှာလဲ ယောက်ျားလေးတွေပဲ ‌တွေ့မလို့"

"ကိုကိုက သိမ့်လာမှာသိရဲ့သားနဲ့"

"အော် ကျွန်တော်က ပြီးခဲ့တဲ့အပတ်ကလဲ ခင်များလေးကို ရှော့ပင်းလိုက်ပို့ရလို့ ဘော်ဒါတွေနဲ့မတွေ့ရဘူးလေ"

"အင်းပါ အင်းပါ သွား အပြန်သိမ့်ဖို့ တစ်ခုခုဝယ်ခဲ့"

"အိုကေ"

သိမ့်က ကိုကိုတို့အိမ်ရောက်နေတာဖြစ်သည်။ ပိတ်ရက်တိုင်း ဒီကိုအလည်လာနေကြပင်။ သူမလာတိုင်း ကိုကို့မေမေ ‌မေကြူနဲ့စကားတွေပြောလိုက်ရယ်လိုက်ပင်။ ကိုကို့မေမေမေကြူကို သူမ မေမေကြူဟုခေါ်တာဖြစ်ပြီး မေမေကြူကလဲ သူမဆိုသမီးနှင့်သမီး။ ကိုကိုနဲ့သူမဆိုတာ ငယ်ငယ်လေးထဲက စေ့စပ်ထားတာမလား။ အိမ်ထဲကထွက်သွားတဲ့ ကားအဖြူလေးကိုမျက်လုံးရှေ့ပျောက်သွားမှ သူမအိမ်ထဲပြန်ဝင်ခဲ့၏။

အခုဆို သူမက ၁၀ တန်းဖြေပြီးပြီဖြစ်ပြီး ကိုကိုက ပထမနှစ်တက်ဖို့လုပ်နေပြီ။ ကိုကိုက English major နဲ့ Day တက်မှာဖြစ်၏။ သူမကတော့ ဘာတက်ရမလဲဆိုတာ မသိသေး။ ကိုကိုလဲ တစ်ဦးတည်းသောသားဖြစ်ပြီး သူမလဲ တစ်ဦးတည်းသောသမီးပင်။ သိမ့်က ငယ်ငယ်ထဲက ကိုကို့ရဖို့ဖေဖေ့ကိုပူဆာပြီး အပိုင်တောင်းထာဖြစ်၏။ ကိုကိုကလဲ သူမကိုချစ်ပေးပါသည်။

“မေမေကြူ ကိုကိုက ဒေးပဲတက်မှာတဲ့လား”

“ဟုတ်တယ် သမီးရယ် ညည်းကိုကိုက ဒေးပဲတက်မယ်တဲ့လေ၊ အန်တီတို့ကတော့ သားတစ်ယောက်ထဲရှိတော့ အမှတ်လေးကလဲကောင်းတော့ တခြားဟာတက်စေချင်တာ သူကတော့မရပါဘူး၊ ဒေးပဲတက်မယ်တဲ့၊ သမီးသိမ့်ကရော ဘာတက်မလဲ”

“သမီးလဲမသိသေးဘူး မေမေကြူ၊ ဖေဖေကတော့ foreign ကိုအားသာနေတယ်၊ အဲ့ဒါကြောင့်လေ ကိုကိုပါသမီးနဲ့လိုက်တက်ရင်ကောင်းမှာလို့ပြောတာ”

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now