Part 28

3.2K 235 15
                                    

Zawgyi

ကောင်းလေးမှာ ချစ်ရသူအမျိုးသားတစ်ယောက်ရှိသည်တဲ့။ ကောင်လေးသည်လိုဖြစ်သွားသည့် အကြောင်းရင်းသည် ကောင်လေး၏ မိဘတွေနှင့်သက်ဆိုင်နေသည်။ မိဘ ညီအစ်ကိုမောင်နှမတွေကြောင့် စိတ်ဒဏ်ရာရနေသည့် ကောင်လေးသည် မွေးကတည်းကအစွန့်ပစ်ခံလိုက်ရသည်ကိုလည်း မြတ်စေရာသိလိုက်ရသည်။

“သနားပါတယ်မြေးရယ်၊ ဘယ်လိုမိဘ၊ ဘယ်လို အစ်မမျိုးက ကိုယ့်သွေးသားကို ဒီလိုလုပ်ရက်တာလဲမသိဘူး”

ဖွားဖွားသည် သူဘာလိုချင်လဲ သိသည့်အတိုင်း အမေဒေါ်ခင်ကြည်နှင့်နေ့တိုင်းလိုလို စကားလက်စုံကျကာ ဒီအကြောင်းအရာတွေကို သိအောင်လုပ်လာပေးတာဖြစ်သည်။

“ကလေးက သူ့မိဘတွေကိုမသိဘူးတဲ့၊ အမေက တော့သူ့သားမှန်းသိသွားပြီပြောတာပဲ”

သူ့ကိုဒီလိုလုပ်ခဲ့သူတွေက မိဘနဲ့အစ်မ ဆိုတာသာသိခဲ့လျှင် ကောင်လေး၏စိတ်ဒဏ်ရာသည် ပိုကာဆိုးဖို့ပဲရှိသည်။

“ကလေးက ချစ်စရာလေးပါ ၂၁ နှစ်တောင်မပြည့်သေးဘူး၊ စကားပြောရင်လဲ ချစ်စရာလေး၊ ရုပ်ကလေးကိုက အေးချမ်းတာ”

“ဒေါက်တာ ဆေးခန်းလူနာပြသူရှိတယ်”

ဖွားဖွားနှင့်စကားစဖြတ်ကာ လူနာသွားကြည့်ပေးရသည်။ တစ်ခါတစ်လေ ဘေးရွာတွေမှလဲ လာပြကြ၏။ ရွာမှ ၁၃ မိနစ်လောက်မောင်းလျှင်ရောက်မည့် တိုက်နယ်ဆေးရုံတွင်လည်း တစ်ပတ်ကို နှစ်ရက်သွားထိုင်ပေးသည်။
ဆရာကြီး၏ညွှန်ကြားချက်အရ အရေးပေါ်ခွဲစိတ်မှုများရှိလျှင် သူသွားခွဲပေရမှာဖြစ်၏။

“ကိုညွန့်ဝေ ကျွန်တော် ဆေးရုံသွားထိုင်တဲ့အချိန်တွေ အရေးကြီးရင် ကျွန်တော့်ကိုဖုန်းဆက်နော်”

“ဟုတ်ကဲ့ ဒေါက်တာ”

အပတ်စဉ် တစ်ရက်အား ရွာထဲရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်သည့်အနေနှင့် ကြည့်ပေးရန်လုပ်လိုက်သည်။

“အမေ ကျွန်တော် အကူအညီတောင်းစရာတောင်းစရာလေးရှိလို့”

“ပြောလေ ဆရာလေး”

“ကျွန်တော် စနေနေ့တိုင်း ကျန်းမာရေးစစ်ဆေးပေးဖို့ရှိတာ အမေသိထားတယ်မလား”

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now