Part 19

2.4K 205 10
                                    

Zawgyi
(Ongoing ၃ပုဒ်လုံး update ပါ)

“ဘယ်က မယားငယ်လဲ မဟုတ်တာ သမီးဘယ်က ကြားလာတာလဲ”

“မေမေပြောတာ”

“သမီးအမေကတော့ မဟုတ်တော့ဘူး”

“မယားငယ် ရှိတယ်လို့ပြောနေတာမဟုတ်ဘူးဖေဖေ”

“မယားငယ်မဟုတ်ရင် ရင်မျိုးဆင့်က ဘယ်သူ့သားလဲ”

သိမ့် မေမေ မေးခိုင်း၍ ဖေဖေ့အား မေးနေတာဖြစ်ပြီး မေမေသည် ဝင်လာကာ မေးပါတော့သည်။ ဦးမြင့်ဆွေ ခေါင်းကြီးသွား၏။ ကြည့်ရတာ မိန်းမဖြစ်သူသည် ရင်မျိုးဆင့်အား မယားငယ်နှင့်ရသည့်သားဟုထင်နေပုံရသည်။ တစ်ခုခုတော့ဖြေရှင်းမှရမည်။

“ရင်မျိုးဆင့်က မွေးစားထားတာ”

“ဖြစ်နိုင်တာကိုပြောပါ ကိုမြင့်ဆွေ ကျမနားနဲ့ဆက်ဆက်ကြားခဲ့တာ”

“မဟုတ်ပါဘူးကွာ၊ သမီးကိစ္စနဲ့ပတ်သက်ပြီး ဆရာကြီးရဲ့အစီအရင်နဲ့ ကလေးတစ်ယောက်မွေးစားရမယ်ဆိုလို့ မွေးစားဖို့လုပ်ပြီး ငါမမဆီပို့ထားတာ”

ဒီလိုမပြောချင်ပေမယ့် ဦးမြင့်ဆွေသည် သားအရင်းတစ်ယောက်အား မွေးစားသားသည့်ကလေးတစ်ယောက်အဖြစ်သုံးနှုန်းပြီး ပြောလိုက်ပြီဖြစ်သည်။ သူ၏ဖြေရှင်းချက်ကြောင့် အမျိုးသမီးဖြစ်သူသည် အနည်းငယ်ငြိမ်သွားသည်ဟု သူထင်သည်။

“ဒါက အမှန်ဟုတ်ရဲ့လား ကိုမြင့်ဆွေ”

“အမှန်ပါကွာ မယုံရင်မင်းဆရာကြီးကို မေးကြည့်လို့ရတယ်”

သားအရင်းအား ကူလီကူမာ ပြောလိုက်ရသည့် ဦးမြင့်ဆွေသိပ်တော့ အဆင်မပြေ။ သူ မပြောချင်ပေမယ့်လဲ အကြောင်းပြချက်တစ်ခုခု ပြောမှဖြစ်မှာကြောင့် ပြောလိုက်ရတော့သည်။

ယောက်ျားဖြစ်သူထဲမှ ထိုသို့ကြားလိုက်ရသည့်အခါတွင် ဒေါ်မျိုးမျိုးသိမ့် ဒေါသတို့ အနည်းငယ်ပြေသွား၏။

ဦးမြင့်ဆွေသည် ဟုတ်တာတွေရော မဟုတ်တာတွေပါ လုပ်ကြံလီဆယ်ပြီးပြောလိုက်ပါတော့သည်။ ပြောပြီးသည်နှင့် ရင်မျိုးဆင့်ဆိုသည့် ကောင်လေး မျက်နှာအား မြင်ယောင်လိုက်သည့်အချိန်တွင် ဦးမြင့်ဆွေ မျက်နှာအနည်းငယ်ပျက်သွား၏။ တစ်ဖက်မှ သမီးအားကြည့်လိုက်သည့်အခါတွင် သူ မမှားဘူး မှန်တယ်ဆိုသည့် စကားတို့ကိုစိတ်ထဲ၌ပြောကာ သားအရင်းအား အားနည်သည့်စိတ်အား ဖျောက်ဖျက်လိုက်သည်။ သူ့အား ကိုယ်ဝန်ဆောင်ချိန်တွင် ကျသွားသည့်စီးပွားတွေကို ဒီလိုပြန်ပေးဆပ်ခိုင်းလိုက်သည်ဟု တွေးထားလိုက်ပြီး စိတ်သက်သာရာရမှုကို ရယူလိုက်သည်။ သားဖြစ်သူအား သားဆိုသည့်အသုံးအနှုန်းနှင့်ပြင်ပတွင်တစ်ကြိမ်တစ်ခါမှ အသုံးဖူးသလို စိတ်ထဲတွင်လဲ ခေါ်ဖူးခြင်းမရှိသည့် ဦးမြင့်ဆွေသည် သူ့လုပ်ရပ်များသည် မှန်ကန်သည်ဟုပင် အဆုံးတွေးထားလိုက်၏။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now