Part 26

3.1K 239 13
                                    

Zawgyi
(ရှင်တို့ ကျမကိုဆုချသင့်ပြီ double up)

ရင်မျိုးဆင့် မေမေ့နောက်တွင်ထိုင်ကာ မေမေ့အင်္ကျီကိုကိုင်ထားမိသည်။ အိမ်ကိုပြန်မည်ဟုပြောပြီး မေမေနှင့်သူ အိမ်ကိုပြန်လာခဲ့တာမဟုတ်လား။ ဘယ်လိုဖြစ်လို့ လူတွေတစ်ယောက်ပြီးတစ်ယောက်ရောက်လာသလဲ မသိဘူးဖြစ်နေသည်။

"သားလေး ကြီးမေက စကားပြောအုန်းမှာ၊ သား သွားအိပ်နေလိုက်လေနော်"

"ဟုတ်ကဲ့ မေမေ"

မေမေပြောမှ သူနေရထိုင်ရချောင်တော့သည်။ အိပ်ခန်းထဲရောက်သွားသည့် ရင်မျိုးဆင့်သည် သူဒီမှာ အိပ်ခန်းရှိတာ ဘယ်လိုသိလဲ စဉ်းစားရင်း အိပ်ပျော်သွား၏။

"သားတို့သူငယ်ချင်းက မတော်တဆဖြစ်ပြီး အားလုံးကိုမေ့နေတယ်"

ရာဂျစ်နှင့်ဆွေဆွေလဲ ဒီအကြောင်းကိုကြားပြီးနေပြီဖြစ်သည်။ ကျောင်းဆင်းမှ အိမ်ပြန်လာကာ နှစ်ယောက်အတူ ဒီဘက်ထွက်လာတာဖြစ်သည်။

"အခုဘယ်မှာလဲ ကြီးမေ"

"အိပ်နေတယ်၊ သမီးတို့ကပဲ သားလေးကို ဖေးမပေးပါအုန်း"

"စိတ်ချပါကြီးမေရယ်၊ သမီးတို့မှာ သူငယ်ချင်းဆိုလို့ ဒါလေးပဲရှိတာ"

"မေမေ"

အခန်းထဲမှ အိပ်မှုန်စုံမွှားနှင့်ထွက်လာသည့် ရင်မျိုးဆင့်သည် ဧည့်သည်တွေရှိနေသေး၍ အံ့ဩနေ၏။

"သားလေးလာ၊ ဒါကဧည့်သည်မဟုတ်ဘူး၊ သားနဲ့ငယ်ငယ်ထဲပေါင်းလာတဲ့ သားသူငယ်ချင်းတွေ"

"ဟုတ်လား"

ရင်မျိုးဆင့် ‌‌မေမေ့ဘေးနားဝင်ထိုင်လိုက်သည်။ သူနှင့်သူငယ်ချင်းဆိုသည့် နှစ်ယောက်သည် သဘောကောင်းမည့်ပုံပေါ်၏။

သူငယ်ချင်းလေးအား ကြည့်ကာ ရာဂျစ်နှင့်ဆွေဆွေသည်စိတ်မကောင်းပဲဖြစ်နေ၏။ ဘာများမတော်တဆဖြစ်ခဲ့လို သူငယ်ချင်းလေးက အားလုံးမေ့သွားရသလဲ။ အရာအားလုံးမေ့နေပေမယ့် သူငယ်ချင်းလေး၏ အမူအရာ၊ အပြောအဆိုသည် ပျောက်မသွားပေ။ ရယ်လိုက်ရင်လဲ ချစ်ဖို့ကောင်းဆဲ။ ဒီသူငယ်ချင်းလေးအား သူတို့ဖေးမမည်၊ နေပြန်ကောင်းလာအောင် ပြုလုပ်ပေးမည်။ ရာဂျစ်နှင့်ဆွေဆွေ၏ ရည်ရွယ်ချက်သည် ရင်မျိုးဆင့်နေပြန်ကောင်းလာဖို့အတွက်ပဲ ဦးစားပေးဖြစ်လာ၏။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now