Part 35

4.4K 224 6
                                    

Zawgyi

မနက်စောစောထကာ ခြံထဲအမှိုက်တွေသိမ်းဆည်းလိုက်၏။

'ပဲပြုတ်'

ပဲပြုတ်လိုက်ရောင်းသည့်အန်တီ၏အော်ရောင်းသံ သဲ့သဲ့ကြားသည်နှင့် ရင်မျိုးဆင့် အခန်းထဲတိုးတိုးတိတ်တိတ်ပြန်ဝင်ကာ ပိုက်ဆံယူလိုက်သည်။ ဆရာသည်အိပ်တုန်းဖြစ်၏။ ပုံမှန်စောစောထလေ့ရှိသူအနေနဲ့ စောနိုးနေတာဖြစ်ပြီး နိုးနိုးချင်း သူသည်ဆရာ့ရင်ခွင်ထဲရောက်နေတာဖြစ်ပြီး ဆရာမသိအောင် ထလိုက်ရတာဖြစ်သည်။

"ဘာတွေလုပ်နေတာလဲ ကောင်လေး"

"ဗျာ၊ နိုးပြီလားဆရာ၊ ပဲပြုတ်နဲ့ထမင်းကြော်နေတာဆရာ"

မြတ်စေရာ အနားတိုးကပ်ကာသွားကြည့်လိုက်၏။ ပဲပြုတ်နဲ့ထမင်းကို သေချာကြော်ထားတာဖြစ်သည်။

"ဘာဖြစ်လို့ အစောကြီး ထသွားရတာလဲ"

"ကျွန်တော် ထနေကြဆိုတော့ သူ့အလိုလိုနိုးနေတာ ဆရာ"

"ဘယ်ယောက်ျားကို ဆရာလို့ခေါ်တာကြားဖူးလဲ အစ်ကိုဆို"

"ဟို...ဟုတ် အစ်ကို"

မြတ်စေရာ ပြုံးလိုက်မိသည်။ ခေါင်းလေးအား ဖွကာ

“ကြီးမေကို သွားပို့လိုက်အုန်းလေ”

“ဟုတ်”

ဆရာ အခန်းထဲပြန်ဝင်သွားသည်နှင့် လိုက်ဝင်လိုက်ကာ သူဘာလုပ်ပေးရမလဲ ကြည့်နေလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဟို…ကျွန်တော် ဘာလုပ်ပေးရမလဲ အ..အစ်ကို”

“အင်း ကိုယ်ဝတ်နေကျပုံစံသိတယ်မလား၊ အဲ့ဒါထုတ်ထားပေး”

“ဟုတ်”

ရေချိုးခန်းဝင်သွားသည့် ဆရာအတွက် ဝတ်ရန် ပုဆိုးနှင့်ရှပ်အင်္ကျီထုတ်ပေးထားလိုက်သည်။ ပြီးသည်နှင့် ထမင်းကြော်သွားထည့်ထားလိုက်သည်။ ဖွားဖွားအတွက်၊ ကြီးမေအတွက်၊ ဆရာ့အတွက်၊ သူ့အတွက် အားလုံးခွဲဝေထည့်ပြီးသည်နှင့် အုပ်စောင်းအောက်တွင်အုပ်ကာ ကြီးမေအတွက်ပေးရန် အိမ်ကိုပြန်လိုက်သည်။

“ကြီးမေ ဘာတွေလုပ်နေတာလဲ”

“ဟေ သား အစောကြီး”

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now