Part 15

2.9K 207 2
                                    

Zawgyi
(Ongoing ၃ ပုဒ်လုံး update ပါ)

အစ်ကိုသည် သူ့ဆီမှအဖြေရပြီးသည်နှင့်ပုံစံပြောင်းသွား၏။ သူနှင့်စကားပြောလျှင်လည်း တစ်ခါတစ်လေ ကလေးဆန်လာပြီး အလုပ်လည်းသွားတယ်ရယ်မရှိတော့။ အလုပ်ဖက်ကိုသွားကြည့်ဖို့ သူ့မှာပြောနေရတာ တစ်နေ့တစ်နေ့ မပြောရသည့်နေ့ရယ်လိုမရှိ။ သူ မီးဖိုချောင်ထဲ ဝင်သည့်အခါတွင်လည်း ကူညီမည်ဟုဆိုကာ လိုက်ရှုပ်သည်။

“ကိုယ်ဈေးဘက် ရောက်မယ်ထင်တယ် ဘာမှာချင်လဲ”

“ဈေးဘက် ငါးခြောက်လေး မှာချင်တယ် ဝယ်တတ်လို့လား”

“အဲ့လိုတော့မဝယ်တတ်ဘူး”

“အဲ့ဒါဆို မမှာတော့ဘူး ကိုယ့်ပါသာသွားလိုက်မယ်”

“ဒီလိုလုပ်လေ ကိုယ်နဲ့လိုက်ခဲ့”

“အစ်ကိုက အလုပ်ကိစ္စနဲ့ဈေးကိုဖြတ်သွားရုံလေးလေ၊ ကျွန်တော်က သပ်သပ်ကြီးလိုက်နေရမှာပေါ့၊ ဆိုင်ကယ်လဲ ရှိတာပဲ ကိုယ့်ပါသာ ကိုယ်သွားလိုက်မယ်”

မင်းစစ်သည် ရင်မျိုးဆင့်အား သူ့နဲ့အတူလိုက်စေချင်နေတာဖြစ်သည်။ သို့ပေမယ့် ဒီကောင်လေးသည် အတွက်အချက်တော်၏။ သူ့အစီအစဉ်နှင့်သူ တွက်ပြလိုက်သည်က ကွက်တိကျသွားသည်။ အတွက်အချက်တော်ရုံတင်မဟုတ် အနေအထိုင်လည်းပိရိသေးသည်။ ကိုယ့်ဘက်ကသူနှင့် တရင်းတနှီးလက်ပွန်းတတီး နေချင်ပေမယ့် ကောင်လေးသည် အနေအထိုင်ဆင်ခြင်နေ၏။ ကိုယ်ဘက်မှ သူနှင့်တွေ့တိုင်း ဖက်ကာနမ်းရှုံချင်ပေမယ့် ရင်မျိုးဆင့်၏အရှောင်ကောင်းမှုကြောင့် သူ့မှာစိတ်ရှိတိုင်း လုပ်လို့မရဖြစ်နေသည်။

“အဲ့ဒါဆို ကိုယ်သွားမယ်၊ အပူမလောင်စေနဲ့နော်၊ ဆိုင်ကယ်မောင်းရင်လဲ သတိထားအုန်း”

“ဟုတ်ကဲ့ အစ်ကိုလဲ ကားကိုဂရုစိုက်မောင်းနော်”

“လာပါအုန်း ခဏဖက်အုန်းမယ်”

မင်းစစ်သည် သူ၏အညိုဆင်းလေးအား ဆွဲဖက်လိုက်တော့သည်။ ကိုယ်က ချစ်ကြည်နူးချင်ပါတယ်ဆိုသည်ကို ခပ်ဝေးဝေးနေသူလေးကြောင့် အပြင်ထွက်ခါနီး မရမက ဆွဲဖက်လိုက်တော့၏။ ဒီကောင်လေးသည် သူ့ကိုရှောင်ဖယ်နိုင်လွန်းသည်။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now