Part 25

3.2K 239 21
                                    

Zawgyi

“ဟိုကလေးရော”

“အင်း အိပ်ဆေးထိုးပေးပြီးမှ သူ့ခန္ဓာကိုယ်ကိုအကိုင်ခံတာ၊ အမေဖြစ်သူလဲ သနားပါတယ် တောက်လျှေက်ငိုနေတာ”

“အင်း ငါအမေးအဖြေလုပ်ထားတဲ့ အန်တီကတော့ အလိုမတူးပဲဖြစ်သွားတာထင်တယ်တဲ့”

“အင်း တိုင်ချက်ဖွင့်ထားသေးလား”

“အင်း မျက်မြင်သက်သေတော့လိုတယ်၊ ဘယ်သူ့ကြောင့်လဲ သေချာမသိဘူးလေ၊ သွားခေါ်တဲ့ဝန်ထမ်းတွေပြောတာတော့ သူတို့တွေ့တုန်းက အဲ့မှာ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသားတစ်ယောက်ရှိတယ်ပြောတယ်၊ အမျိုးသမီးနှစ်ယောက်က ဒီကိုပါလာတဲ့နှစ်ယောက်လေ၊ ကျန်တဲ့သူတွေတော့ လူတွေ့ရင်သူတို့မှတ်မိတယ်ပြောတယ်၊ ကာယကံရှင်တွေကို မေးရအုန်းမယ် တိုင်ချက်ဖွင့်မှာလား မဖွင့်ဘူးလားဆိုတာလေ”

ဆေးရုံဝန်ထမ်းတွေလာခေါ်ကတည်းက rape လားဆိုသည့်စကားကြားလိုက်ကထဲက မိုခမ်းသည် ဆေးရုံအားလိုက်မသွားပဲ အိမ်ပြန်နေလိုက်သည်။ လူကြီးတွေ ရောက်လာကာမှပိုရှုပ်သွားသည့် သူတို့ကိစ္စသည် ဘယ်လိုလုပ်ရမှန်းမသိ။ ကိုယ့်စိတ်ဆန္ဒကြောင့် လုပ်လိုက်သည့်အရာဖြစ်ပေမယ့် အားလုံးကိုဝန်ချတောင်းပန်ကာ ဒီကောင်လေးနှင့်ရှေ့ဆက်မယ်ပေါ့။ တကယ်တမ်း rape ဆိုသည့်စကားကြားလိုက်သည့်အချိန်တွင် သူတိတ်တဆိတ်အိမ်ပြန်နေလိုက်သည်။ အခန်းထဲတွင်ဘာလုပ်ရမလဲ တစ်ယောက်ထဲစဉ်းစားနေ၏။ သိမ့်ဝတီမျိုးအား တိုင်ပင်လို့ရမှာမဟုတ်။ ကိုယ့်ကိုထိုးချဖို့ကြံနေသည့် သိမ့်သည့် ကြားမှညှိပေးမည့်ပုံစံမရှိ။ မိုခမ်းသည် သူတစ်ခုခုဖြစ်လျှင် သိမ့်ဝတီမျိုးအား တစ်ပါတည်းဆွဲခေါ်ဖို့အစီအစဉ်ရှိသည်။

သူလုပ်ပါတယ်ဆိုသည့် သက်သေသည် သိမ့်ဝတီမျိုးတစ်ယောက်ထဲရှိတာဖြစ်ပြီး သူပါလျှင် သိမ့်သည်လည်း အလိုအလျောက်အမှုထဲပါမည်ဆိုတာ သိမ့်တော့သိတန်ကောင်းပါရဲ့။

မိုခမ်းနည်းတူ သိမ့်ဝတီမျိုး တစ်ယောက်အခန်းထဲတွင်ငြိမ်သက်နေ၏။ ဖေဖေသူမဘက်ပါကောင်းပါနိုင်ပေမယ့် ကိစ္စအလုံးအားကြားသွားသည့် မေမေသည် သူမ ဘက်ပါနိုင်ချေမရှိ။
ဦးမြင့်ဆွေတစ်ယောက် မိန်းမဖြစ်သူနှင့် အဆက်အသွယ်မရပဲဖြစ်နေသည်မှာ ညကတည်းကဖြစ်သည်။ အိမ်တွင်လဲမရှိသလို ဖုန်းဆက်တော့လဲ ကိုင်ခြင်းမရှိ။ မနက်မိုးလင်းသည်နှင့် ဖုန်းအားတောက်လျှောက်ထပ်ခေါ်နေလိုက်သည်။ ‘ဒီဖုန်းပိုင်ရှင်က ဆေးထုတ်ရင်းကောင်တာမှာကျန်ခဲ့လို့ သွားပေးလိုက်ပါမယ်၊ ပြီးမှပြန်ခေါ်လိုက်ပါ’ ဆိုသည့် တစ်ဖက်မှ ဖုန်းပြန်ဆက်သည့်မိန်းကလေးအား ဆေးရုံလိပ်စာမေးကာ သူလိုက်သွား၏။ ဆေးရုံရောက်သည်နှင့် အမျိုးသမီးနာမည်မေးကာ အခန်းရှာပေမယ့်မရှိ။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now