intro / အမြာစာ
2.8K 55 8
Unicode
ခါးသက်တဲ့ ကော်ဖီတစ်ခွက်ရယ်
အဆွေးသီချင်း တစ်ပုဒ်ရယ်
ကင်မရာ တစ်လုံးရယ်
နောက်ပြီး...တစ်ဖက်သတ်ဆိုတဲ့ ခေါင်းစဉ်အောက်က
ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရယ် ။
" ရပ်စောင့်နေခဲ့တယ်...ဒါပေမဲ့
တစ်လှမ်းလေးတောင်မှ လှမ်းလာဖို့မရဲတဲ့ လက်တစ်စုံကို ဘယ်လိုစိတ်ကူးနဲ့များ
ဖမ်းဆုပ်ရပါ့မလဲလို့ တွေးမိတိုင်း ကျွန်တော်
ရင်တွေနာရတယ် ကိုသုဆက်...ကျွန်တော်
တကယ်ရင်တွေ နာရပါတယ် "
~ စိုင်းစိုင်စည်း ~
" တစ်ဖက်သတ်ဆိုတာ တစ်ဖက်သားကို
သတ်နေတာနဲ့ အတူတူပဲ စည်း ၊
ကိုယ်လည်း မင်းလိုပဲ လူတစ်ယောက်ကို
ချစ်ခဲ့ဖူးတယ် ။ မင်းကိုယ့်ကို ချစ်သလိုမျိုးပေါ့..."
~ သုဆက်သျှား ~
အမှာစာ
~~~~~
ပထမဦးစွာ ဒီ " အချစ်ကို  ကိုးကား၍ "
ဆိုတဲ့ ဇာတ်လမ်းလေးက စာရေးသူရဲ့
စိတ်ကူးသပ်သပ်သာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံ နဲ့ တခြားနိုင်ငံ
တစ်နိုင်ငံကို အခြေတည်ထားပြီး
နေရာက တသမတ်ထဲ
သတ်မှတ်ထားခြင်းမျိုး မဟုတ်သည့်အတွက်
တချို့နေရာရှုခင်း ၊ အပြောအဆိုပိုင်းတွေက
စာရေသူရဲ့ စိတ်ကူးယဉ်သပ်သပ်သာ
ဖြစ်တာမို့ အမှားပါတာများရှိရင် နားလည်ပေးဖို့
မျှော်လင့်မိပါတယ် ။ နောက်ပြီး ဇာတ်လမ်းလေးက
ရိုးရိုးရှင်းရှင်းနေတတ်တဲ့ ခရီးသွား
𝐜𝐚𝐦𝐞𝐫𝐚 𝐦𝐚𝐧လေးနဲ့ 𝐜𝐨𝐟𝐟𝐞𝐞 ဆိုင်ပိုင်ရှင်လေး
တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။ အချိုအခါးနှစ်မျိုးစလုံး
ပါဝင်တဲ့ ဇာတ်လမ်းလေးမို့ စိတ်ဝင်စားရင် ကိုယ်နဲ့အတူ
လိုက်ပါနိုင်ပါတယ်နော် ။
ဇာတ်လမ်းလေးက 1.1.2024 မှစပြီး
အပိုင်း(၁) ကိုတင်သွားမှာပါ ။
အားလုံး နွေးနွေးထွေးထွေးလေးနေပြီး
ကျန်းမာရေး ဂရုစိုက်ကြပါနော် ။
𝐒𝐚𝐲 𝐍𝐡𝐲𝐢𝐧𝐠 ♡︎
12.12.2023(𝐓𝐮𝐞)💛
Zawgyi
ကင်မရာ တစ်လုံးရယ်
တကယ်ရင်တွေ နာရပါတယ် "
~ စိုင်းစိုင်စည်း ~
~ သုဆက်သျှား ~
အမှာစာ
~~~~~
နေရာက တသမတ်ထဲ
𝐒𝐚𝐲 𝐍𝐡𝐲𝐢𝐧𝐠 ♡︎
12.12.2023(𝐓𝐮𝐞)💛
" အချစ်ကို  ကိုးစား၍... " " အခ်စ္ကို ကိုးစား၍ "  (𝐎𝐧𝐠𝐨𝐢𝐧𝐠)Nơi câu chuyện tồn tại. Hãy khám phá bây giờ