Part 5

4.3K 286 13
                                    

Zawgyi

၁၀ တန်းဖြေပြီးလို့ အောင်စာရင်းမထွက်သေးခင် ရင်မျိုးဆင့်တစ်ယောက် လယ်ထဲကို စာရင်းငှားတွေနဲ့လိုက်ကာ လယ်ထွန်လိုက် လိုတာတွေညွှန်ကြားလိုက်လုပ်နေသည်။ ၁၇ နှစ်ရှိနေပြီဖြစ်ပြီး လယ်ကိုဘယ်လိုလုပ်ရတယ်ဆိုတာ သူညွှန်ကြားနိုင်နေပြီဖြစ်၏။ အိမ်မှာ သူ ၁၀ တန်းပြီးသွားလို့ဟုဆိုကာ ကြီးမေက ဆိုင်ကယ်ဝယ်ပေးထားသေးသည်။ ရာဂျစ်ကိုလဲသူ့အိမ်ကဆိုင်ကယ်ဝယ်ပေးထား၏။ ဒီနေ့တော့သူတို့သူငယ်ချင်းသုံးယောက် ၄ နာရီထဲကထကာ အထက်ကျောင်းဆီကိုသွားနေကြတာဖြစ်သည်။ ဒီနေ့ကအောင်စာရင်းထွက်မယ့်နေ့လေ။

သူငယ်ချင်းသုံးယောက်စိတ်လှုပ်ရှားစွာ အောင်စာရင်းကြာ့်ဖို့စောင့်နေ၏။ သူတို့သုံးယောက်ရည်းစားထားဖို့ကိုစိတ်မဝင်စားပဲ စာပဲကြိုးစားခဲ့ကြတာမလား။ အခုတော့ ကိုယ်ကြိုးစယးခဲ့တဲ့ရလဒ်ကို စိတ်လှုပ်ရှားရင်း စောင့်ဆိုင်းနေကြ၏။ ထိုင်လဲမထိုင်နိုင်။ အားလုံးတိုးဝှေ့ကာ စာမေးပွဲအောင်စာရင်းကြည့်ဖို့အဆင်သင့်။

“ကြီးမေ ကြီးမေရေ…”

ဆိုင်ကယ်ကိုခြံထဲမောင်းဝင်ကာ ကြီးမေကိုအသားကုန်ခေါ်နေမိသည်။ ကြီးမေက အိမ်ပေါ်ကဆင်းလာတော့မှာ ကြီးမေကိုပြေးဖက်ကာ

“ကြီးမေ သားအောင်တယ်သိလား ဂုဏ်ထူး ၃ ဘာသာတောင်ပါတယ်”

“ငါ့သားလေး တော်လိုက်တာ”

ရင်မျိုးဆင့်က နဲ့ ဆွေဆွေက ၃ ဘာသာပါပြီး ရာဂျစ်က ၂ ဘာသာပါ၏။ အပျော်လွန်ပြီး ကြီးမေကိုဖက်ပြီးငိုနေတာနဲ့ ရင်မျိုးဆင့် တစ်ယောက်အိမ်မှာ ဧည့်သည်ရောက်နေတာမသိလိုက်။ အိမ်ပေါ်မှာထိုင်နေတဲ့ ဦးမြင့်ဆွေကတော့ ဆိုင်ကယ်နဲ့ဝင်လာတဲ့ ကလေးကိုစဝင်လာထဲကကြည့်နေတာ။ မမကို ကြီးမေလို့ခေါ်မှ သူ့လာပေးသွားတဲ့ ကလေးမှန်းသိလိုက်သည်။ သေချာကြည့်ရင် ဒီကလေးက သမီးနဲ့ခပ်ဆင်ဆင်။ အသားကခပ်လတ်လတ်နဲ့ပိန်ပိန်ပါးပါး ပုံလေးဖြစ်သည်။ ဦးမြင့်ဆွေမှာ စိတ်တော့လှုပ်ရှားသွား၏။ မမက ကောင်းကောင်းမွန်မွန်မွေးပေးထားတာပဲ။

“ကြီးမေ သားရာဂျစ်တို့ဘက်သွားလိုက်အုန်းမယ်”

“အင်း သွားသွား”

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now