အပိုင်း - ( ၁ )

10.2K 280 22
                                    

Unicode

" ဘာ Felix Renzi မင်းဘာခွေးစကားပြောတာလဲ။ ယောကျာ်းယူမယ် ဟုတ်လား။"

အိမ်သို့ ပြန်ရောက်ရောက်ခြင်း Felix အသိပေးလာသည့် ကိစ္စကြောင့် ဖခင် ဖြစ်သူ ဦးမင်းမြတ်ထွဋ့်ခေါင်သည် ရှော့ရသွားဟန်တူကာ Felixအား ဒေါသတကြီး ဆူလေသည်။
သို့သော် Felixသည် ဖခင်ဖြစ်သူ၏ ဒေါသအား လျစ်လျူရှု ကာ ထို အကြောင်းအရာအား ထပ်ကာ ပြောလာ၏။

"ပါပါး ကြားတဲ့အတိုင်းဘဲ။ ကျွန်တော် ဒီကို ပြန်လာတာ ယောကျာ်းယူဖို့ "

"မင်းရူးနေတာလားဟမ်။ မင်းလို ယောကျာ်းတစ်ယောက်က ယောကျာ်းယူမယ် ဟုတ်လား"

ဦးထွဋ့်ခေါင်၏ ထိုစကားအား Felix လက်မခံနိူင်။

"ယောကျာ်းတစ်ယောက်က နောက်ယောကျာ်းတစ်ယောက်နဲ့ ချစ်တာကြိုက်တာ လက်ထပ်မှာဆန်းလို့လား ပါပါး"

"အေး ဆန်းတယ်ကွ။ ဆန်းတယ် "
ဦးထွဋ့်ခေါင်သည် ဒေါသထွက်လွန်းသောကြောင့် အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက် လုပ်နေရင်း Felix ရှိရာသို့ စူးရဲစွာကြည့်ကာ မေးလာ၏။

"ဘယ်ကောင်လဲ။ မင်းက ဘယ်ကောင်ကို ယူမှာလဲ။ မဟုတ်မှ...."

ဦးထွဋ့်ခေါင်သည် တစ်ခုခုအား သဘောပေါက်သွားဟန်ဖြင့် သူ့အားအထိန့်တလန့် ကြည့်လာသော် Felixပြုံးမိသွားကာ လက်ဖျောက်တီးလိုက်သည်။

"Bingo.... ပါပါးထင်တာမှန်တယ် ။သျှားကို လက်ထပ်ဖို့ ပြန်လာတာ"
Felix ပြုံးကာ ပြောလိုက်သော စကားကြောင့် ဦးထွဋ့်ခေါင်သည် ပို၍ပင် ဒေါသထွက်လာကာ Felixအား လက်ညိုး ကောက်ကောက်ထိုးလာ၏။

"မင်း....ငါရယ်စရာ ပြောနေတယ်များထင်နေတာလား။ မင်းကို အဲ့ကောင်လေးနဲ့ သဘောမတူနိူင်လို့ အီတလီကို ပြန်ပို့ခဲ့တာကွ။ "

ဦးထွဋ့်ခေါင်၏ စကားကြောင့် Felix လှောင်ပြုံး ပြုံးကာ လက်ငါးချောင်းထောင်ပြလိုက်သည်။

"ငါးနှစ်.. ငါးနှစ်ပြည့်ရင် ဒီနိူင်ငံကို ခြေပြန်ချလို့ရပြီ လို့ ဒယ်ဒီပြောခဲ့တယ်"

ထိုအခါ Felixစကားအား ဦးထွဋ့်ခေါင်က လက်သင့်မခံနိူင်ဟန် ငြင်းလာခဲ့သည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now