အပိုင်း - ( ၁၀ )

808 69 18
                                    

Unicode

ကျောင်း၏ အားကစားကွင်းဘေးရှိ Basketball ကွင်းတွင် basketball ဆော့နေကြသူများရှိနေကာ Felixသည်လည်း ထိုအထဲမှ တစ်ယောက်ဖြစ်လေသည်။သို့သော် ကျောင်းbasketball အသင်းမှ အသင်းသားများမပါ။အကြောင်းမှာ နောက်နေ့တွင် ပြိုင်ပွဲရှိသောကြောင့် ယနေ့တွင်  အသင်းသားများအားဒဏ်ရာမရစေရန် နည်းပြ သည် Training နားကာ အနားယူခိုင်းထားသောကြောင့် ဖြစ်၏။သို့သော် Felixသည် နည်းပြ၏စကားအား နားမထောင်ဘဲ အားကစားကွင်းဘေးမှ နောက််ထပ်ကွင်းတွင် ကျောင်းမှ အပျော်တမ်း ကစားသမားများနှင့် လာဆော့နေခြင်းဖြစ်လေသည်။
အပြင်ကွင်းသည် သံဇကာနှင့် ကာထားသောကြောင့် ကွင်းပြင်တွင် အားပေးနေကြသော မိန်းကလေးများသာမက ယောကျာ်းလေးများလည်းရှိနေလေသည်။Felix သည် basketball ဝတ်စုံဖြစ်သော လက်ပြတ်အားကစား အင်္ကျီ အားဝတ်ဆင်ထားကာ သူ၏ ဆံပင်ကောက်ကောက်လေးများ ကိုလည်း မျက်စိရှေ့မကျအောင် ခေါင်းပတ်ဖြင့်ပတ်ကာလန်တင်ထားလေသည်။
ကွင်းထဲတွင် ရှိနေသော Felixသည် ရှည်လျားသော အရပ်အနေအထားကြောင့်သာမက အများထက်ကွဲပြားသော ရုပ်ရည်ကြောင့် သာမန်ထက်ပိုကာ အာရုံစိုက်ခံနေရလေ၏။
လက်ရှိတွင် Felixသည် ဘောလုံးအား ကိုင်ထားကာ Free ပစ်လွတ်ရန် စည်းပေါ်ရပ်နေလေသည်။
ထို့နောက်တွင် basketball ခြင်းအားကျောခိုင်းလိုက်ကာ နောက်ပြန်ပစ်ရန် ပြင်ဆင်လိုက်သည်။ဘောလုံးအား တစ်ချက်နှစ်ချက်ပုတ်ပြီးနောက်တွင် ဘောလုံးအားတစ်ချက်နမ်းလိုက်ကာ ခြင်းဘက်သို့ လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပင်ပစ်လိုက်သည်။သူ၏ပစ်ချက်ပြီးသည်နှင့် အော်ဟစ်အားပေးသံများထွက်လာသောကြောင့် Felixသည် သူ၏ရှေ့မှ အသင်းသားများအား 'ဒီလောက်ကတော့ အေးဆေး 'ဆိုသည့်အမူအယာဖြင့် ပုခုံးတွန့်ပြလိုက်သည်။

ထို့နောက် ကစားပွဲ ပြန်စတော့မည့်အချိန်တွင် Felixသည် ကွင်းဘက်သို့ လျှောက်လာနေသော သူရိန်အား လှမ်းတွေ့လိုက်သောကြောင့် သူ၏မသိစိတ်အရ  လျင်မြန်စွာပင် သူ၏ကိုယ်အား အသင်းဖော်ကစားသမားနှင့် ကွယ်ထားလိုက်ကာ သူ၏ပါးစပ်မှလည်း အလိုအလျောက်ဆဲရေးလိုက်သည်။

"Shit...သေစမ်းကွာ "

Felix၏ရှည်လျားသောအရပ်ကြောင့် ထိုသို့ ပုန်းကွယ်လိုက်ခြင်းကပင် ပိုသတိထားမိစေကာ သူ၏ရှည်လျားသောအရပ်ကြောင့်လည်း သူရိန်သည် သူ့အားအလွယ်တကူသတိထားမိသွားသည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now