အပိုင်း - ( ၁၈ )

773 67 33
                                    

Unicode

အတန်း ( C )၏ ကြာသပတေး နေ့ သည် စာသင်သံများနှင့် ဆူညံနေခြင်းမရှိဘဲ တိတ်တဆိတ်စာလေ့လာမှုဖြင့် တစ်မျိုးတစ်ဖုံ  အသက်ဝင်နေလေသည်။Felixသည် ခေါင်းဒဏ်ရာသက်သာလာပြီဖြစ်သောကြောင့်ဆေးရုံဆင်းကာ ကျောင်းပြန်တက်နေပြီဖြစ်လေ၏။Felixမှာ ဆေးရုံဆင်းဆင်းချင်း နောက်နေ့တွင်ပင် စာမေးပွဲဖြေရမည်ဖြစ်သောကြောင့် ပထမဆုံးဖြေရမည့် မြန်မာစာအား အသည်းအသန်ပင် ကျက်နေလေသည်။
သူရိန်သည် ခက်ဆစ်အချို့အား မှတ်နေရင်း သူ၏ဘေးမှ Felixကို လှည့်ကြည့်ရန်မမေ့။
Felixသည် စာမှတ်နေသည်ဟုသာ ဆိုနေသော်လည်း သူ၏စိတ်သည် စာထဲ၌ မရှိဘဲ လွှင့်ချင်ရာ လွှင့်နေသည့်ပုံစံဖြစ်နေလေသည်။
ထို့ပြင် တစ်ခါတစ်ရံ ပြတင်းပေါက် မှတစ်ဆင့် အပြင်ပတ်ဝန်းကျင်အား ငေးနေတတ်ကာ တစ်ခါတစ်ရံတွင်တော့ သက်ပြင်းအကြိမ်ကြိမ်ချနေလေသည်။
Felix၏ လှုပ်ရှားမှု အလုံးစုံအား တိတ်တဆိတ် စောင့်ကြည့်နေသော သူရိန်အဖို့ Felix မူမမှန်ကြောင်းကို အနည်းငယ်မျှ ခံစားမိနေလေသည်။
ပုံမှန်တွင် အစဥ်အမြဲပြုံးနေကာသူ့အားစနောက်နေတတ်သည့်ကောင်လေးသည် ယခုတော့သူ မဟုတ်တော့သကဲ့သို့ ငြိမ်နေသည်မှာ သူရိန်ပင်မနေတတ်တော့သည်အထိ။Felixသည် စာမေးပွဲ ကြောင့် စိတ်ရှုပ်နေခြင်းလား ထိုမှမဟုတ် ယခင်ရက်ပိုင်းကဖြစ်ပျက်သွားသော ကိစ္စကြောင့် စိတ်ရှုပ်နေခြင်းလား  ကိုတော့ သူရိန်လည်းမဝေခွဲနိူင်။

"မင်း သက်ပြင်းချနေတာ အခါ ငါးရာလောက်ရှိတော့မယ်။ဘာဖြစ်နေတာလဲ။"

ထိုအခါမှ Felixသည် အနည်းငယ်အာရုံစုစည်းမှုရှိလာကာ သူရိန်အားရန်ပြန်တွေ့လာသည်။

"ငါ့ဖာငါ သက်ပြင်းချတာမင်းနဲ့ ဘာဆိုင်လဲ ။မမြင်ချင်ရင်မျက်လုံးမှိတ်ထားလေ။"

သူရိန်သည် Felix၏ရန်ပြန်တွေ့သံကြောင့် လှောင်ပြုံးပြုံးမိသွားကာ တစ်ကိုယ်ကြားခပ်တိုးတိုးဆိုလိုက်သည်။

"လေသံအရတော့ ဘာမှမဖြစ်တဲ့ပုံဘဲ။"

"ငါက ဘာဖြစ်ရမှာလဲ ။"

"မင်းခြေထောက် သက်သာရဲ့လား။"

မဆီမဆိုင်ပင် သူရိန်မေးလာသည့် မေးခွန်းကြောင့် Felixမှာ သူရိန်အားနားမလည် စွာကြည့်လိုက်သည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now