အပိုင်း - ( ၁၄ )

1K 66 41
                                    

Unicode

အတန်း ( C ) ၏ မနက်ပိုင်း သင်္ချာချိန်သည် ပုံမှန်ထက်ပိုတိတ်နေဟန်ရှိလေသည်။အကြောင်းမှာ ဆရာမ ပေးထားသည့် သင်္ချာပုစ္ဆာအား ကိုယ်စီတွက်ကာဖြေရှင်းနေရသောကြောင့်ဖြစ်လေ၏။သူရိန်သည် သင်္ချာတွက်နေရင်း အိပ်ချင်စိတ်ကြောင့် မကြာခဏသမ်းဝေနေလေသည်။မကြာခဏပင် သူ၏မျက်လုံးအားလှန်ကာ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အိပ်ချင်ပြေအောင်လုပ်နေလေကာ ပုစ္ဆာအားဖြေရှင်းနေလေသည်။
သူရိန်နှင့် အတူထိုင်သော Felixသည်လည်း သူရိန်၏ဖြစ်ပျက်နေပုံကြောင့် သင်္ချာတွက်နေရာမှ ရပ်လိုက်ကာ သူ၏စာသင်ခုံ ဝမ်းထဲသို့ လက်ထည့်ကာနှိုက်လိုက်၏။ထိုအခါ သူ၏လက်ထဲပါလာသည်မှာ သကြားလုံးများဖြစ်နေကာ ထိုများစွာသောသကြားလုံးများထဲမှ သံပုရာအရသာသကြားလုံးအား Felixဖောက်လိုက်သည်။
ထို့နောက်  သူ၏အနားမှ ထိုင်ကာ သမ်းဝေနေသော သူရိန်အားခပ်တိုးတိုးခေါ်လိုက်သည်။

"အသေးလေး"

Felix၏ခေါ်သံကြောင့်သူရိန်သည် ပုစ္ဆာတွက်နေရင်း ခပ်တိုးတိုးအသံပြုလိုက်သည်။

"ဟင်..."

"ပါးစပ်ဟ"

သူရိန်သည် Felixစကားကြောင့် ပုစ္ဆာတွက်နေရင်းမှ Felixအားကြည့်လာသည်။ထိုအခါFelixမှာ သူရိန်၏ ပါးစပ်ထဲ သကြားလုံးထိုးထည့်ပေးလိုက်သည်။သူရိန်သည် သူ၏ပါးစပ်ထဲသို့ ရောက်လာသော သံပုရာ အရသာသကြားလုံးကြောင့် အံ့သြသွားသည်။

"အိပ်ချင်ပြေအောင် ငုံထား"

Felix၏ အပြအမူကြောင့် သူရိန်မျက်ခုံးတစ်ချက်ပင့်မိသွားသည်။

"ကျေးဇူး"

ထို့နောက်တွင် Felixသည် သူရိန်၏ စားပွဲ ပေါ်သို့ လက်တစ်ဆုပ်စာသကြားလုံး များအား ချပေးလိုက်သည်။

"အိပ်ချင်လာရင် ကိုယ့်ဖာကိုယ်ဖောက်စားလိုက်"

"အင်း"

ထို့နောက်တွင် သူရိန်သည် ပုစ္ဆာတွက်သည့်ဘက်သို့ပြန်အာရုံစိုက်ကာ Felixသည်လည်း သူရိန်နည်းတူ ပုစ္တာတွက်နေလိုက်တော့သည်။

သူရိန်သည် ပုစ္ဆာတွက်နေရင်း သကြားလုံး အား လေအလျင်ကဲ့သို့ကိုက်ဝါးနေလေ၏။ထို့ကြောင့်ပင် Felixပေးထားသော သကြားလုံးလက်တစ်ဆုပ်စာမှာ ပုစ္ဆာတစ်ပုဒ်တွက်အပြီးတွင်ကုန်သွားတော့လေသည်။ထို့ကြောင့် သကြားလုံးထပ်တောင်းရန်  Felixအား ခေါ်လိုက်သည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now