အပိုင်း - ( ၃ )

1.3K 96 5
                                    

Unicode

ယနေ့သည် စိတ်ပျက်စရာ နေ့တစ်နေ့ဖြစ်လိမ့်မည်ဟု Felix အိမ်မှ ထွက်တည်းကပင် သိနေလေသည်။အကြောင်းမှာ လွယ်အိတ်မပါဘဲ သူကျောင်းသွားရမည်ဖြစ်ကာ သူ၏လွယ်အိတ်မှာလည်း ပြန်ရ မရ မသိသေးသောကြောင့်ဖြစ်လေ၏။

"ဟင်း..."
Felix မှာ ထို အကြောင်းတွေးရင်း စိတ်ရှုပ်စွာပင် သက်ပြင်းချလိုက်မိသည်။ဤသည်က တစ်မနက်တည်းနှင့် 7ကြိမ်မြောက် သူသက်ပြင်းချမိခြင်းပင်။
ဒီပါသည် ကားထဲ၌ အငြိမ်မထိုင်ဘဲ ရိုးတိုးရွတ လုပ်နေသော ညီဖြစ်သူကြောင့် စိတ်မရှည် ဖြစ်လာသည်။

"မင်း ငြိမ်ငြိမ် နေပေးလို့ရမလား"

ထို့နောက် ဒီပါသည် နားကြပ်တစ်ဖက်အား Felix ဆီကမ်းပေးရင်း ဆိုလာသည်။

"စိတ်ရှုပ်နေရင် အင်္ဂလိပ် စာ listening ပိုင်းကို နားထောင်နေ"

စာ ဆိုသော အသံကြားရုံနှင့် Felixမှာ ပို၍ပင် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

"ကိုကို ငါ အဲ့ဒါတွေ မကြိုက်ဘူး မင်းဖာသာ မင်းနားထောင်"
Felix သည် ဒီပါ၏ အဆိုပြုချက်အား ငြင်းပယ်ပြီးနောက် လည်ပင်းမှ အနီရောင်နက်ကတိုင်အား လျော့ချလိုက်သည်။

"ကိုကို ငါ့လွယ်အိတ်ပြန်ရမှာပါနော်"

"ငါ ဖုန်းဆက်မေးပြီးပြီ မင်းလွယ်အိတ်ကို ဆရာတွေဆီ မအပ်ခဲ့ဘူးပြောတယ် ဒီမနက်ပြန်ရမှာပေါ့ ဘာတွေ တွေးပူနေတာလဲ"

ဒီပါ စကားကြောင့် Felix စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။

"ငါ နောက်နေ့ကစပြီး ကျောပိုးအိတ်မလွယ်တော့ဘူး ကွာ.... ဟင်း..."

ဒီပါသည် Felix၏ထပ်မံသက်ပြင်းချမှုကြောင့် စိတ်မရှည်တော့ဟန်တူကာ ညီဖြစ်သူအား ဆူလာတော့သည်။

"မင်း သက်ပြင်းတွေ ထပ်မချတော့လို့ ရမလား
မင်းလွယ်အိတ်ကို အဲ့လောက် သံယောဇဥ် တွယ်နေရင် ဘာလို့လွယ်အိတ်ကိုချွတ်ချထားခဲ့ရလဲ"

"ငါ မိမှာ ကြောက်လို့ပေါ့ကွ အဲ့တုန်းက သူကငါ့လွယ်အိတ်ကို ဆွဲထားတာကို အဲ့တော့ငါလည်း လွယ်အိတ်ကို ချွတ်ခဲ့ပြီး ခုန်ချဖို့ဘဲတွေးမိတာပေါ့ မဟုတ်ရင် ငါရုံးခန်းကိုခေါ်သွားခံရမှာလေ"

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now