အပိုင်း - ( ၆ )

811 73 6
                                    

Unicode

လွန်ခဲ့သော တစ်ပတ်မှစ၍ Felix နှင့် ဒီပါ၏ နေ့ရက်များသည်အနည်းငယ်ခက်ခဲလာသည်။အကြောင်းမှာ မြန်မာပြည်သို့ နှစ်ပေါင်းများစွာ ကြာသည်အထိ ပြန်ရောက် မလာခဲ့သော သူတို့၏မိခင်သည် မြန်မာပြည်သို့အကြောင်းမကြားဘဲ ရောက်လာသောကြောင့်ဖြစ်လေ၏။
မူလ၌ သူတို့၏မိခင်ဖြစ်သော Mrs. Auroraသည် Hotelတွင် နေရန် ပြင်ဆင်ထားသော်လည်း ဦးထွဋ့်ခေါင်၏ အခေါ်တော်ရှိမှုကြောင့် သူမသည် ယခုတော့ ပင်မအိမ်တော် တွင် နေနေလေသည်။သူတို့၏ မိခင် အိမ်ရောက်လာသည့်နေ့မှစ၍လည်း ဒီပါသည် လည်း သူ၏ တိုက်ခန်းတွင် သာ နေနေကာ အိမ်သို့ လုံးဝလှည့်မလာတော့ချေ။ပုံမှန်တွင် ပိတ်ရက် တိုင်း အိမ်ပြန်လာတတ်သော ဒီပါသည် တစ်ပတ်လုံးပြန်မလာသည့်အပြင် ဖုန်းပင် တစ်ချက်ဆက်ခြင်း မပြုခဲ့ပေ။

ဒီပါသည် သူ၏ မိခင်နှင့် မျက်နှာချင်းမဆိုင်ချင်၍ အိမ်ပြန်မလာကြောင်းကို သူတို့အိမ်မှ အိမ်တော်ထိန်းမှ အစ သန့်ရှင်းရေးဝန်ထမ်း အဆုံး အကုန် သဘောပေါက်လေသည်။ Mrs.Auroraသည်လည်း သူမသားသည် သူမအား မတွေ့ချင်မှန်း သဘောပေါက်၍ ယခုထိ ငြိမ်နေဆဲပင်။
သူမသည် ဦးစွာ မြန်မာ ပြည်သို့လာရသည့် ကိစ္စအားဦးစွာဖြေရှင်းပြီးမှ ဒီပါနှင့် မျက်နှာချင်းဆိုင်ရန်တွေးထားလေသည်။ထို့ကြောင့် ပထမ ပြဿနာဖြေရှင်းရန် ယနေ့ညတွင် သူမသည် လက်ရှိ အိမ်တော်၌ နေနေသော Felixဆီသို့ ဦးတည်လိုက်သည်။

သူမသည် Felix၏ ကုတင်စွန်းတွင်ဝင်ထိုင်လိုက်ကာ စာကြည့် ဟန်ဆောင်နေသော သူမ၏ သားငယ် Felixအား ကြည့်လိုက်သည်။Felixသည် မသိချင်ယောင်ဆောင်သည့် အကြံသည် မအောင်မြင်တော့ မှန်းသိ၍ မိခင်ဖြစ်သူအား မအီမသာကြည့်ရင်း သူနှုတ်ဆက်လိုက်သည်။

" မာမား"

သူ၏ မိခင်သည်လည်း သူ့အား မကြည်မသာကြည့်နေသောကြောင့် Felixစကားစမပြောရဲ။ ထို့ကြောင့် သူ၏ မိခင် ဦးစွာ စကား စမည်ကိုသာစောင့်နေလိုက်သည်။

"Felix "

"Yeh "
Mrs.Auroraထံမှ ခေါ်သံထွက်လာသောကြောင့်Felixပြန်တုံ့ပြန်လိုက်သည်။

"အိမ်ပြန်ရအောင်"
Felixသည် Mrs.Aurora၏စကား အဓိပ္ပာယ် အားနားလည်နေသော်လည်း နားမလည်သလို ပြုမူကာ အပြုံးနှင့်ပြန်တုံ့ပြန်လိုက်သည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now