အပိုင်း - ( ၁၇ )

808 67 32
                                    

Unicode

Royal ဟုအမည်ရသော မြို့လယ်ရှိ ပုဂ္ဂလိကဆေးရုံဂိတ်ဝတွင် သူရိန်ရောက်နေလေ၏။နွေဦးကျော်ကာ နွေလယ်ရောက်လာပြီဖြစ်၍ ရာသီဥတုသည် ပို၍ပူပြင်းလာပြီး လူတိုင်းအား အပြင်ထွက်ချင်စိတ်ပျောက်ဆုံးစေလေသည်။
သူရိန်သည် သူ၏ခေါင်းပေါ်တည့်တည့်မှ နေမင်းအား မော့ကြည့်ရင်းပင်

"မင်းဘယ်လောက်ပူကြောင်း လူတိုင်းသိအောင်သက်သေပြစရာမလိုဘူး။မင်းက အပူဓာတ်အများဆုံးဆိုတာလူတိုင်းသိတယ်။မညှာမတာပူမနေချင်နဲ့။"

"သူရိန် နေမင်းအတူတူကိုတောင် ငါကတော့ ချောတဲ့ရုပ်လေးနဲ့ လူတွေကိုအေးချမ်းမှုပေးနေပြီး မင်းကတော့ အပူဒဏ်နဲ့ လူတွေကို နှိပ်စက်နေတယ်။
ဟင်း...ကွာခြားလိုက်တာ။"

သူရိန်သည် ထိုသို့ဆိုပြီး ခေါင်းတစ်ခါခါနှင့် ပင် ဆေးရုံဝန်းထဲ ပြေးဝင်သွားတော့သည်။
ဆေးရုံထဲ ရောက်သော် ဆေးရုံထဲမှ တပ်ထားသော လေအေးပေးစက်များကြောင့် သူရိန်တစ်ယောက် သက်ပြင်းချနိူင်သွားသည်။

"ဟင်း...အခုမှဘဲအေးချမ်းသွားတော့တယ်။"

ထို့နောက်တွင် သူရိန်သည် ဓာတ်လှေကားမှ တစ်ဆင့် ကိုးထပ်ရှိ ဆေးရုံဥက္ကဌ ရုံးခန်းသို့တန်းသွားလိုက်သည်။ဤဆေးရုံသည် လမင်း၏မိဘများ အဓိကပိုင်သော ဆေးရုံကြီးဖြစ်ကာ လမင်း၏အမေဒေါ်ခက်တာသည်ဆေးရုံအုပ်ဖြစ်လေသည်။
ထို့ကြောင့်ပင် သူရိန်မှာ ဒေါ်ခက်တာအား ဖုန်းဆက်ကာသူလာတွေ့မည့်အကြောင်း ကြိုအသိပေးထားလိုက်သည်။

တင်းခနဲမြည်သံနှင့်အတူ ဓာတ်လှေကားမှာပွင့်သွားကာ သူရိန်သည် ဥက္ကဌ ရုံးခန်းသို့ဦးတည်လိုက်၏။
ရုံးခန်းရှေ့ရောက်သည်နှင့် တံခါးသုံးချက်ခေါက်ပြီး အထဲမှလူအားအသိပေးလိုက်သည်။

"ဝင်ခဲ့ပါ"

ခွင့်ပြုချက်ရသည်နှင့်သူရိန်သည် ရုံးခန်းထဲဝင်သွားလိုက်ကာ ရုံးခန်းထဲမှ ဆိုဖာပေါ်သူ၏ကျောပိုးအိတ်အားပစ်ချပြီး ဝင်ထိုင်လိုက်သည်။
ဒေါ်ခက်တာသည် ဆိုဖာပေါ်ထိုင်ကာ အခန်းအားစူးစမ်းသလိုဝေ့ဝဲကြည့်နေသည့် သူရိန်အား ကြည့်ပြီးမျက်ခုံးပင့်လိုက်သည်။သူရိန်၏မျက်နှာမှာ ပလာစတာများပြည့်နေကာ သူ၏လက်မှာလည်းပတ်တီးစည်းထားရကြောင်းဒေါ်ခက်တာသတိပြုမိသွားသည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now