အပိုင်း - ( ၁၃ )

811 81 44
                                    

Unicode

စာကြည့်တိုက် အတွင်းထဲတွင် သူရိန်ရောက်နေလေသည်။သို့သော် စာလုပ်ရန် မဟုတ်ဘဲ Laptop တစ်လုံးနှင့် စာကြည့်တိုက် မှ Wifiအား လာသုံးနေခြင်းဖြစ်လေ၏။Laptop Screenပေါ်တွင်တော့ Website တစ်ခုမှ တင်ထားသော ခြေကျင်းဝတ် ဒဏ်ရာများအကြောင်း ဖတ်ရှုနေလေသည်။
Website တွင် ဖော်ပြထားသော ဒဏ်ရာအခြေနေနှင့် ကုသမှုရက်များအား သေချာဖတ်ရှုပြီးနောက်တွင် သူရိန် မျက်မှောင်ကြုတ်လိုက်သည်။

"ဟိုကောင့် ဒဏ်ရာက အသေးစား ခြေကျင်းဝတ် လည်တာ မဟုတ်ဘူးလား"

သူရိန်သည် Felix၏ ခြေဖနောင့်ဘက်မှ အညိုမဲစွဲနေသော ဒဏ်ရာများအား ပြန်တွေးမိသော် Felix၏ ဒဏ်ရာသည် သူထင်ထားသလို မသေးငယ်ကြောင်း ပိုသေချာလာသည်။ သူရိန်သည် စာအချို့အား ဆက်ဖတ်လေ သူ၏မျက်နှာသည် ပို၍ပင် ပျက်ယွင်းလာသည်။ထို့နောက်တွင် သူ၏ Laptop အားပိတ်ချကာ Felixထံ တန်းကာ ဖုန်းဆက်တော့သည်။
တတူတူနှင့် ဖုန်းဝင်သွားပြီး မကြာခင်Felixမှာဖုန်းကိုင်လာသည်။

"ဟဲလို...."

"Felix မင်းဘယ်မှာလဲ"

"ငါလား...။ငါအခု ကျောင်းမှာဘဲလေ။ဘာဖြစ်လို့လဲ"

မူလတွင် Felix ဆေးရုံသွားမသွား သူရိန်အတည်ပြုချင်သော်လည်း Felixကျောင်းတွင် ရှိနေသည်ဖြစ်၍ သူရိန် ဆက်ကာမမေးတော့။ထိုစဥ် သူ၏ အနောက်မှ အသံအားသူရိန်ကြားလိုက်ရသည်။

"မင်းငါ့ဆီ ဖုန်းဆက်တာ ဘာလဲ၊ ငါ့ကို လွမ်းလို့လား။"

ထိုအမေးကြောင့် သူရိန် လျင်မြန်စွာ အနောက်လှည်ကြည့်သော် သူ၏အနောက် နှစ်ပေအကွာတွင် ပြုံးကာရပ်နေသော Felixအားသူရိန်တွေ့လိုက်ရသည်။

သူရိန်သည် Felix စာကြည့်တိုက်တွင် ရှိနေလိမ့်မည်ဟု မထင်ထားသောကြောင့် Felixအား တွေ့လိုက်ရသော် အနည်းငယ်အံ့သြသွားသည်။

"လူချင်းကွဲတာမှ နာရီဝက်တောင်မရှိသေးတာကို ငါ့ကိုလွမ်းနေပြီလားကွာ။"
သူရိန်သည် Felix၏ အီစီကလီ စနောက်စကားအား ကျင့်သားရ သွားသည်လား။ပြန်တုံ့ပြန်ရန် ပျင်းရိလွန်းသည်လားတော့မသိ ၊ယခုအခေါက်တွင် လျစ်လျူရှုပစ်လိုက်သည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now