အပိုင်း - ( ၂၁ )

773 88 34
                                    

Unicode

Saint Joseph ဟု အမည်ရသော ကျောင်းသည်  ကတ်သလစ်သီလရှင်များ နှင့် မိဘမဲ့ကလေးများ နေထိုင်သည့် မိဘမဲ့ကျောင်းတစ်ကျောင်းဖြစ်လေသည်။ထိုကျောင်း၏ ဆုတောင်းဝတ်ပြုရာခန်းမထဲတွင် ကလေးငယ်များနှင့် သီလရှင်အချို့ရှိနေလေကာ သူတို့သည် ဓမ္မသီချင်းအားသီကျုးနေကြလေသည်။သူတို့ ဓမ္မသီချင်းသီကျူးနိူင်ရန် စန္ဒယားတီးပေးသူလည်းရှိနေကာ ထိုစန္ဒယားတီးသူမှာ အခြားသူတော့မဟုတ် ဧဒင်စပရင်း ဟုအမည်ရသော မင်းမြတ်ဒီပါဦးပင်ဖြစ်လေသည်။

ဒီပါသည် ဂီတသံကြားစီးမြောရင်း သူ၏လက်ချောင်းများမှာလည်း piano ခလုတ်ပေါ်တွင် ပြေးလွှားလှုပ်ရှားနေလေသည်။

ဝတ်ပြုခန်းမ၏နောက်ဆုံးတန်းတွင် တော့ လူနှစ်ဦးရှိနေလေကာတစ်ဦးမှာ ကျောင်းအုပ်ဖြစ်သော Sister Ava ဖြစ်ပြီး တစ်ဦးမှာ ဒီပါနောက်လိုက်လာသော Dreamပင် ဖြစ်လေသည်။
Sister Avaသည် အီတလီသူတစ်ဦးဖြစ်ကာ လက်ရှိမြန်မာပြည်တွင်နေထိုင်ပြီး သာသနာနဲ့ပရဟိတအလုပ်များလုပ်နေသူဖြစ်သည်။
Dreamနှင့် ဒီပါသည် ကျောင်းဆင်းသည်နှင့် ဤကျောင်းသို့ တန်းလာခဲ့ကြသောကြောင့် ကျောင်းဝတ်စုံများနှင့်ပင်ဖြစ်လေသည်။
Dreamသည် အေးဆေးပေါ့ပါးစွာ pianoတီးနေသော သူ့ရှေ့မှ ဒီပါအားလှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

"သူ့ရဲ့ဒီလို ငြိမ်သက်ပေါ့ပါးတဲ့ပုံစံကို မြင်တွေ့ရတာက အတော်ရှားပါးတဲ့အခိုက်အတန့်ဘဲ။"

Dream၏ ရေရွတ်စကားကြောင့် သူ၏ဘေးမှ Sister Avaမှာ ပြုံးလာသည်။

"မျက်စိတစ်မှိတ်အတွင်း မှာ အချိန်တွေ ကုန်သွားတာ မြန်လိုက်တာ။မင်းတို့တောင် ဒီအရွယ်အထိရောက်လာကြပြီ။ကလေးလေး ပုံစံကနေ လူငယ်လေးတွေ ဖြစ်လာကြပြီ။"

"ဒီငါးနှစ် အတွင်း ကျွန်တော်က အတော်လေးပြောင်းလဲသွားခဲ့ပေမဲ့ သူကတော့ ဘာမှပြောင်းလဲသွားတဲ့ပုံမပေါ်ဘူး။အခုထိ ကြောက်ရွံထိန့်လန့် နေရတဲ့ဘဝမှာ ရှင်သန်နေရပြီး အတိတ်ကို မလွှတ်ချနိူင်သေးဘူး။"

Dream၏ စကားကြောင့် Sister Ava၏ မျက်ဝန်းများမှာမှိုင်းညို့သွားသည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now