အပိုင်း - ( ၁၆ )

677 66 22
                                    

Unicode

AYA ၏နေ့လည် အားလပ်ချိန်သည် တိတ်တိတ်ဆိတ်ဆိတ် အသွင်ဆောင်နေလေသည်။အကြောင်းမှာ လပတ်စာမေးပွဲလာရန် ရက်ပိုင်းသာ လိုတော့သောကြောင့် ကျောင်းသား အချို့မှာစာထဲ၌သာ အာရုံစိုက်ထားကြသောကြောင့်ဖြစ်လေသည်။
ထိုသို့ စာလုပ်နေကြသော ကျောင်းသားထဲတွင် သူရိန်သည်လည်း အပါအဝင်ဖြစ်ကာ သူသည် အင်္ဂလိပ် အက်ဆေး အချို့အား ချရေးနေလေသည်။အက်ဆေး ရေးနေရင်း ပျင်းရိလာကာ အိပ်ချင်လာသောကြောင့် အိပ်ချင်ပြေ သကြားလုံး ကိုက်ဝါးရန် စာငုပ်ရေးနေရင်းပင် Felixထံမှ သကြားလုံးတောင်းလိုက်သည်။

"Felix...သကြားလုံး ပေးဦး"
သူရိန်မှာ အားနေသည့် ပတ်တီးစည်းထားသောလက်တစ်ဖက်အားခုံပေါ်ဖြန့်ချကာတောင်းနေသော်လည်း အချိန်တော်ကြာသည်အထိ သူ၏လက်ထဲသို့သကြားလုံးရောက်မလာ။

"Felix....သကြားလုံး ပေး..."

သူရိန် သည် သူပြောချင်သည့်စကားအားအဆုံးထိမပြောနိူင်ခဲ့ပေ။အကြောင်းမှာ သူခေါ်နေသည့်Felixသည် လက်ရှိတွင် သူ့အနား၌ ရှိမနေဘဲ ဆေးရုံတွင်လဲနေရကြောင်း သူသတိရသွားသောကြောင့်ဖြစ်လေသည်။
ထို့ကြောင့်ပင် သူ့အတွေးသူ ပြန်တွေးရင်း သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။

"ဟက်....အနားမှာ မရှိတဲ့ သူကိုမှ တနေမိတာဘဲ"

မနေ့ည၌ ဖြစ်ခဲ့သော အဖြစ်အပျက်သည် မထင်မှတ်ထားသည့် ကိစ္စဖြစ်ကာ ယခုထိလည်း ဆိုးဆိုးဝါးဝါး သွေးထွက်သံယိုဖြစ်သွားလိမ့်မယ်လို့ သူ မထင်ခဲ့။
သူရိန်သည် မနေ့ည၌ဖြစ်ပျက်သော ကိစ္စအလုံးစုံအား ပြန်တွေးမိတိုင်း သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားနေရသည်။သူ့ကြောင့်သာ မဟုတ်လျှင် Felixသည် ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးထိခိုက်သွားလိမ့်မည်မဟုတ်။Felixသည် သူ့အား ကာကွယ်ရန် ခေါင်းရိုက်ခံလိုက်ရ၏။Felix၏ သူ့အားကာကွယ်ပေးသည့်လုပ်ရပ်ကြောင့် သူရိန်မှာ နှလုံးခုန်နှုန်း တစ်ချက်ပင် မြန်သွားသေးသည်။သို့သော် လက်ရှိတွင် သူ၏ တစ်ကိုယ် လုံးသည် အပြစ်ရှိစိတ်များဖြင့်ဖုံးလွှမ်းနေကာ သူ ကူညီပေး ေင်သော်လည် ကူညီနိူင်သည့် ကိစ္စဟူ၍မရှိ။ဆေးပညာအရလည်း သူဘာမှ လုပ်မပေးနိူင်သလို ငွေးကြေးအနေဖြင့်ဆိုလျှင်လည်း Felix၏မိသားစုသည် ငွေကြေးလိုအပ်ချက်ရှိသူများ မဟုတ်။ထို့ပြင် Felixသည် မနေ့ည တစ်ညလုံးသတိမေ့နေသည့်အပြင် ယခုထိလည်း သတိရမလာသေးပေ။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now