အပိုင်း - ( ၉ )

684 69 8
                                    

Unicode

ဂီတခန်း ထဲတွင် အဖြူနှင့် ငါးရှဥ့်သွေးရောင်ပါသော ကျောင်းဝတ်စုံအား ဝတ်ဆင်ထားသည့် ကျောင်းသား ငါးယောက်ရှိနေလေသည်။
သူတို့ ငါးယောက်၏ မျက်နှာများသည် အကြပ်ရိုက်ဟန်ဖြစ်နေလေကာ တစ်စုံတစ်ခုကိုလည်း အသည်းအသန် တွေးနေဟန် ရှိနေလေသည်။တစ်ခါတစ်ရံတွင် သက်မချသံများလည်း ထွက်လာကာ မည်သူမှတော့ ဦးစွာ စကားမစကြ။

"အဲ့တော့ အခု မင်းတို့က ဘယ်လိုလုပ်မယ်လို့တွေးထားလဲ"
တိတ်ဆိတ်သော  အခန်းအား ဖြိုခွဲလိုက်သူမှာ အတန်း ( C ) ၏ အတန်းခေါင်းဆောင်ဖြစ်သော သူရိန်ပင်ဖြစ်လေသည်။

"လွန်းနဲ့ Dreamက ဒဏ်ရာရထားတယ်၊အခုလည်းကျောင်းနားခံလိုက်ရပြီ။ မနက်ဖြန် ပွဲကသူတို့ပါနိူင်ဖို့ မသေချာသလောက်ဘဲ"

သူရိန်၏ စကားကြောင့် လမင်းသည် သူ၏ခေါင်းအားကုတ်လိုက်မိကာ သူ၏ သူငယ်ချင်း များအားဝေ့ကြည့်ရင်းမေးလာသည်။

"ငါတို့အခုဘာလုပ်သင့်လဲ ။အဆိုသမားနဲ့ Drumသမားမရှိဘဲ ဘယ်လိုမှ ပြိုင်ပွဲသွားပြိုင်လို့မရဘူးနော်"

"ငါတို့ အခုလုပ်နိူင်တာ တစ်ခုဘဲကျန်တော့တယ်"
ပိုင်စိုး၏ စကားကြောင့် အားလုံး ပိုင်စိုးအား အာရုံစိုက်လိုက်ကြသည်။

"မင်းပြောချင်တာ ဘာလဲ "

"Solo performance "

"Solo performance...ဟုတ်လား "

"အင်း Solo performance "

"အဲ့ Solo က ဘယ်သူလုပ်မှာလဲ ငါတော့မရဘူးနော်"

လမင်းသည် Solo performance ဆိုသည့်စကားအားကြားသည်နှင့် ဦးစွာငြင်းပယ်လာသည်။
လမင်း၏ အငြင်းစကားကြောင့် ပိုင်စိုးမှာ တစ်ချက်နှာမှုတ်လိုက်ကာ ဆိုလာသည်။

"Bass သံတောင် မှန်အောင်မတီးနိူင်တဲ့ မင်းကိုလည်း Solo performance မလုပ်ခိုင်းရဲပါဘူး"

"အဲ့ဒါဆို ဘယ်သူလုပ်မှာလဲ"

ဖြတ်မေးလာသော သူရိန်စကားကြောင့် ပိုင်စိုးသည် တစ်ချိန်လုံး ငြိမ်နေကာ စကားတစ်ခွန်းမှဝင်မပြောသော ဒီပါအားကြည့်လိုက်သည်။ထိုအခါပိုင်စိုး၏သဘောထားအားကျန်လူများသည်လည်း သဘောပေါက်သွားကာ ဒီပါအားကြည့်လာသည်။

𝑶𝒏𝒆  𝑭𝒐𝒖𝒓  𝑻𝒉𝒓𝒆𝒆 𝑺𝒆𝒗𝒆𝒏 ( 1437 )Where stories live. Discover now