Part 22

3.5K 256 26
                                    

Zawgyi

“ကိုကို သိမ့် နောက်ရက်အိမ်ပြန်မလို့ ကိုကိုဖြစ်ရဲ့လား”

“ဖြစ်တာတော့ဖြစ်ပါတယ် သိမ့်ရဲ့၊ သိမ့်ကပြန်တော့မလို့လား”

“ပြန်တော့မယ်လေ၊ သိမ့်အတူရှိနေလဲ အိမ်မှုကိစ္စဘာမှလုပ်တတ်တာမှမရှိတာ”

“အင်း”

“သိမ့်ပြန်လို့ ရင်မျိုးဆင့်ပြန်ရောက်နေရင် သူ့ကိုလွှတ်လိုက်မယ်လေ”

“ကောင်းသားပဲ”

သိမ့်နှုတ်ခမ်းတို့သည် အနည်းငယ်မဲ့သွားသလား မပြောတတ်။ သူမနှင့်အတူရှိနေစဉ် ကိုကိုသည် စကားလဲဟုတ်တိပတ်တိမပြောသလို အပြင်အတူတူထွက်တာလဲမရှိ။ တစ်နေကုန် ကုန်စည်တွေဘက်သွားနေတတ်ပြီး နေ့လည်တွင် သူမအတွက် ဝန်ထမ်းတစ်ယောက်က ထမင်းနှင့်လာပို့တတ်သည်။ ညနေဘက်ပြန်လာလျှင် ချက်ပြီးသားဟင်းနှင့်ထမင်းပါတတ်ပြီး အတူစားတတ်သည်။ သို့ပေမယ့် စကားသိပ်မပြောကြ။ ကိုကိုစာရင်းလုပ်နေချိန် သိမ့်ဘေးမှာရှိလျှင်လဲ စကားအနည်းငယ်သာပြောတတ်ပြီး ပြီးသည်နှင့်သူ့အခန်းသူဝင်၊ ကိုယ့်အခန်းကိုယ်ဝင်ကြသည်။ အရင်ကလို သိမ့်ကို ဘာလုပ်ချင်လဲ၊ ဘာစားချင်လဲ မမေးသလို သိမ့်အားရှိတယ်ဟုထင်ပုံလဲမရ။

ယခု သူမပြန်မယ်ပြောလိုက်တော့ တုံ့ပြန်မှုသည်ပိုမြန်ပြီး၊ ရင်မျိုးဆင့်အား လွှတ်လိုက်မည်ဟုဆိုလိုက်သည့်အခါ အနည်းငယ်ပြုံးချင်သွားသယောင် ရှိသည့်ကိုကိုသည် ရင်မျိုးဆင့်နှင့်ပတ်ဝန်းကျင်မှပြောသလိုဖြစ်နေပြီထင်သည်။ သူမတွင် သူမအစီအစဉ်နှင့်သူမ။ သူမ ကိုကိုနှင့်ရင်မျိုးဆင့်အား လွှတ်ထားပေးမည်မဟုတ်။
သိမ့်ပြန်ရန်ပြင်ဆင်နေလိုက်သည်။ ကိုကိုသည် သူမ ပြန်မည်အားတက်ကြွကာ အစစအရာရာလိုက်လုပ်ပေးနေ၏။ စိတ်ပျက်တယ်ကိုကို။

“တစ်ယောက်ထဲ ပြန်လို့ဖြစ်ရဲ့လား”

“ဖြစ်ပါတယ်”

“မပြန်နဲ့ ကိုကိုလိုက်ပို့မယ် လမ်းမှာတစ်ညအိပ်ရမှာ မိန်းကလေးတစ်ယောက်ထဲမောင်းပြန်တာအဆင်မပြေဘူး”

သည်လိုကျတော့လဲ ကိုကို၏စိတ်လေးသည် မဆိုသလောက်စိတ်ပူတတ်သေးသည်ဟုပြောရမလားပဲ။ နောက်ဆုံး သူမ အိမ်ပြန်ဖို့ ကိုကိုပြန်လိုက်ပို့ဖို့ဖြစ်လာ၏။ သူမ ကိုပြန်လိုက်ပို့ရင် ဟိုကောင်လေးကို တစ်ခါထဲခေါ်မယ့်အစီအစဉ်ဖြစ်နေမလား ကိုကို။ သိမ့်စိတ်ထဲတွင် အမေးစကားတွေတစ်ခုပြီးတစ်ခုထုတ်နေမိသည်။ သို့ပေမယ့် သူမထုတ်မေးမှာမဟုတ်။ သူမ ဒီနှစ်ယောက်အား အမိမရ,ရအောင်ဖမ်းမည်။

ဒဏ်ရာများနဲ့နှလုံးသားWhere stories live. Discover now