part-2{Uni}

15.4K 702 2
                                    

ကားမှန်ပြူတင်းဝမှ ဝင်ရောက်လာသောလေနုအေးက စေးစက်မျက်နှာထံ အကြိမ်ကြိမ်လူးလွန့်ကျီစယ်လျက်ရှိသည်။

မိုးသားတိမ်တိုက်တို့က ကောင်းကင်ပြင်အပြည့်နေရာယူထားကြသဖြင့် နေမပူတော့ဘဲအုံ့အုံ့မှိုင်းမှိုင်းရှိသည်။

စိမ်းလဲ့လဲ့တောင်တန်းကြီးနံဘေးရှိ လမ်းကလေးသည် ဖြူးဖြူးဖြောင့်ဖြောင့်။လမ်းလေးတစ်ဘက်တစ်ချက်ရှိ တောင်တန်းကြီးများ၏အလှသည် စေးစက်ကိုတငေးတမောဖြစ်စေသည်။

စေးစက်တို့ကားက လှမ်းမြင်နေရသောတောင်တန်းကြီးနှင့် တဖြည်းဖြည်းနီးကပ်လာသည့်နှယ်။

ဖြူးဖြောင့်နေသောလမ်းအဆုံးတွင် ပစောက်ပုံစံ အဆင်းအတက်လမ်းများကိုလည်းတွေ့လာရသည်။အဆင်းကြီးကြီးတွေဆို စေးစက်ရင်ထဲ တလှပ်လှပ်။ထိုအခိုက် ကြောက်စိတ်ကို မျက်နှာပေါ်ရောက်မသွားအောင် ထိန်းထားရသည်မှာ တစ်လုပ်တစ်ငန်း။

စေးစက်တို့ကားသည် များမကြာ တောင် ခြေရင်းရှိ လမ်းကလေးသို့ရောက်လာခဲ့သည်။လှမ်းမြင်ခဲ့ရသော တောင်တန်းကြီးသည် အဝေးကမြင်ရသည်ထက် ပို၍ ကြီးမားပြီးပို၍မြင့်မားလှသည်။

စေးစက်အတွက် မရောက်ဖူးသောဒေသဖြစ်၍ မြင်သမျှအရာအားလုံးသည် အသစ်အဆန်းနှင့်အံ့သြစရာတွေကြည့်ပင်။

ကားလမ်းနံဘေးရှိ အိမ်စုအိမ်ဝေးတစ်ချို့၊ရွာသိမ်ရွာငယ်တစ်ချို့ကိုတွေ့လာလျှင်လည်း မျက်စိတစ်ဆုံးကြည့်မိစပ်စုမိသည်မှာ မျက်တောင်ခတ်ဖို့ပင်မေ့သည်အထိ။

တောင်တန်းကြီးများနှင့် ကျေးလက်ရှုခင်းတို့ကိုသာ အာရုံရောက်နေတာကြောင့် ကားမောင်းနေသောကိုညိုကြီးဘက်သို့ မလှည့်ဖြစ်သလို၊စကားစမြီလည်းစေးစက်မပြောဖြစ်ပါ။

​ကားမောင်းရင်း ကိုညိုကြီးပြောလာသည်က ရွာအဝင်လမ်းကို ရောက်ပြီ!တဲ့။

ရွာအဝင်နေကြာခင်းကြီးက စေးစက်ကိုဆီးကြိုနေကြသည့်နှယ်။နေဘက်ကို မျက်နှာမူနေကြသည်မှာ တညီတညွတ်။

နွားအုပ်ကြီးသည် စေးစက်တို့ကားအရှေ့ ကိုးရိုးကားရားသွားလျက်ရှိသည်။ကိိုညိုကြီးသည် ကားဟွန်းကိုတီးနေသည်မှာအဆက်
မပြတ်။

YANG(Completed)Where stories live. Discover now