part-3{Uni}

12K 598 5
                                    

လှလွန်းသည် သူမ၏ အဖြူရောင်ဇာအင်္ကျီပါးလေးကို ဖြည်းညှင်းစွာ ချွတ်ချပြီးလျှင် ရှေ့တွင်ချထားသည့် ဆံပင်တွေကို နောက်သို့ဟန်ပါပါ ခါထုတ်ပစ်လိုက်၏။လည်တိုင်ရှင်းရှင်းနှင့် ပန်းစီရောင်ရင်ခံလေးထဲမှ အနည်းငယ်တိုးထွက်နေသည့် ရင်သားဖြူဖြူတို့သည် သူမကို ပို၍အရိုင်းဆန်စွာလှပစေသည်။သေးသွယ်သောကိုယ်တွင် သူမရင်သားတွေက ဖွံ့ဖွံ့ထွားထွားရှိလှသည်။လှလွန်းသည် သူမရင်သားတွေကို တစ်ချက်ငုံ့ကြည့်သည်။ အပြုံးတို့ဖြင့် ပြန်လည်ဦးမော့လာကာ သူမအရှေ့တည့်တည့်ကယောကျာ်းကို သူမအလှမှာ မတွန်းလှန်နိုင်သည်အထိ ယစ်မူးစွဲလမ်းသွားစေချင်သည်။

"ကြိုက်ရဲ့လားရှင်။သဘောရော..ကျရဲ့လား"

လှလွန်းက ယမ်းဆီတိုးကပ်သွားပြီးလျှင်

"ကျမ ရှင့်ကိုချစ်တယ် ယမ်း။ယမ်းကရော ကျမကို"

လက်ဖဝါးကြီးက လှလွန်း နှုတ်ခမ်းသားကို ဖိအုပ်လာသည်။

"ချစ်တယ်•••မချစ်ဘူးက အရေးကြီးလို့လား"

သူမမျက်ဝန်းတွေက သူ့ကိုအူကြောင်ကြောင်မော့ကြည့်လာသည်။

စူးရဲရဲစိုက်ကြည့်လာသော ယမ်း၏ မျက်ဝန်းနက်နက်တို့ကြောင့် လှလွန်းမှာ ပြောစရာစကားလုံးများ ပျောက်ရှလျက်ဖြစ်၏။ထိုမျက်ဝန်းနက်နက်ပိုင်ရှင်ကြောင့် လှလွန်း၏ အရှက်၊သိက္ခာ၊ဂုဏ်ပုဒ်ဟူသမျှ ဘယ်ချောင်မှာ ခိုကပ်သွားကြမှန်းမသိ။လှလွန်း၏ ဘဝကို ထိုလူ့လက်ထဲမှာပင် ကုန်ဆုံးသွားချင်သည်။

လက်ဖဝါးကြီးက နှုတ်ခမ်းသားတွေမှ ဖယ်ခွာသွားလျှင် လှလွန်းရင်ထဲ ဟာသွား၏။ကျယ်ပြောသော ယမ်း၏ရင်အုံမှာ လှလွန်း မျက်နှာလေး တိုးမှီချလိုက်၏။

သူ့ရင်ခွင်တွင် မှီရပ်နေသော သူမကို လက်မောင်း ရင်းနှစ်ဖက်မှဆုပ်ကိုင်ကာ ရင်ဘတ်ဆီက ဖယ်ခွာသည်။ယမ်း၏ လက်ဖဝါးကြီးထဲတွင် လှလွန်းလက်မောင်းသားတို့ ဆုံးဆုံးမြုပ်လျက်ဖြစ်၏။

"ခုချိန်ကစဥ်းစားဖို့မှီသေးတယ်။သေချာပြီလား"

"ယမ်းအတွက်ဆို နှစ်ခါမစဥ်းစားဘူး"

YANG(Completed)Where stories live. Discover now