Extra-{Uni}

10.9K 400 6
                                    

ကျွန်တော့်ယောကျာ်း ကလေးဆိုး

စေးစက်သည် တစ်နေ့တခြား ပို၍ပြည့်လာကာ ပို၍ချစ်စရာကောင်းလာပါသည်။လူပျိုဘဝက အစားနည်းလာခဲ့သလောက် ယမ်းနှင့်ရပြီးနောက်ပိုင်း စေးစက်သည် အစားပြီးအစား အစားတလိုင်း ဖြစ်လာခဲ့သည်။ဤလောက်စားနေတာတောင် စေးစက်က ပြည့်လာရုံပင်ဖြစ်သည်။

ယမ်းက လေ့ကျင့်ခန်းတွေ ပုံမှန်ကစားပြီး Perfect ဖြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားနှင့် ငယ်ရွယ်သန်မာလျက်ဖြစ်သည်။သူ့ခန္ဓာကိုယ် အစိတ်ပိုင်းအားလုံးက မာကျစ်တောင့်တင်းနေတာကို စေးစက်သည် မသိချင်မှနေပါရော။အသစ်ထွက်ခါစသူ့မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးတချို့က နှစ်ရက်တစ်ခါ စေးစက်ခန္ဓာကိုယ်တစ်ဝိုက်ကို ဒုက္ခပေးတတ်ပါသေး၏။

သူက တဖြည်းဖြည်း လူကြီးပိုဆန်လာသလို ထင်ရသည်။အေးဆေးနေတတ်ပြီး တည်ငြိမ်နေတတ်ပြန်သည်။သူနှင့်ဆန့်ကျင်ဘက် ဖြစ်လာတာက စေးစက်ပါပဲ။အသက်ကြီးလာလေ ကလေးလို ဖြစ်လာပြီး သူ့အပေါ် ဆိုးတတ်လာပါ၏။ညသန်းခေါင်ကြီး ဟိုဟာစားချင်တယ်၊ဒီဟာစားချင်တယ်ဆိုပြီး ယမ်းကို သူ ပူဆာမိမြဲ။စိတ်မရှည်တဲ့ ယောကျာ်းဆိုရင် စေးစက် မျက်နှာ ဘုထနေလောက်ပြီ။လူရွေးမှန်ခဲ့ရင်လည်း စံမြန်းရတယ်မလား။

မောင့်ရဲ့ စေးစက်က တကယ်ကလေးဆိုးလေး ဖြစ်လာခဲ့တာပဲ။အစောပိုင်းက စေးစက်သည် စာတွေ ရေးပြီး သူ့ကို ဖတ်ပြသည်။တစ်ခါတလေ ယမ်းက သူ့ဇာတ်ကောင်တွေနေရာက အိုက်တင်လုပ်ပေးရသေးသည်။သနားစရာမကောင်းတဲ့ ဇာတ်ကောင်တွေကို ဇွတ်သနားခိုင်းလေတော့ ယမ်း ခိုးရယ်ရသည်။ဝမ်းနည်းနေတယ်ဖြစ်နေလို့ သူ့ရင်ခွင်ထဲ ထည့်ကာ ထိုကလေးဗိုလ်ကို ချော့မြူပေးရသေး၏။ဒီတလော စေးစက် စာရေးနေတာမတွေ့၍ ယမ်းက စေးစက်ကို အမြဲအကဲခတ်နေရသည်။ဘာဝါသနာတွေ ထပ်ပေါ်လာမလဲဆိုပြီးတော့လေ။

"ရေချိုးနေတာမပြီးသေးဘူးလား ယမ်း"

"အင်း။Lockမချထားဘူး အပေါ့သွားချင်ရင် ဝင်ခဲ့"

"မြန်မြန်ချိုး။ပြီးရင် ဧည့်ခန်းက TVရှေ့ လာခဲ့။မြန်မြန် စောင့်မနေချင်ဘူး"

YANG(Completed)Where stories live. Discover now