part-17{zawgyi}

3K 66 1
                                    


ဉီးမိုးသစ္စာအတွက် ကြီးမားသောဂုဏ်သတင်းတစ်ခုက သားဖြစ်သူ မိုးထိယမ်း​၏ ဆောင်ကြဉ်းပေးမှုကြောင့် နယ်မြို့အနှံ့ သူ့ဂုဏ်ကျက်သရေက အဆများစွာတိုးပွားလာခဲ့သည်။

ခြောက်ဘာသာဂုဏ်ထူးရှင်လေးအတွက် ဂုဏ်ပြုပွဲအစီအစဉ်ကျင်းပမည်ဖြစ်သဖြင့် တိုက်မျက်နှာစာတွင် ညနေဘက်ကတည်းက ပြင်ဆင်နေကြသော ပွဲဝန်ထမ်းများနှင့် လှုပ်လှုပ်ရွရြွဖစ်နေလေသည်။

ပြတင်းဝမှ မြင်ရသောပွဲသည် မှောင်ရီပျိုးလာလေ အလှဆင်ထားသော မီးလုံးလေးများဖြင့် အသက်ဝင်လာတော့မှာကို အလိုမကျတဲ့ ကောင်လေးတစ်ယောက်ရှိလေတယ်။

ဂုဏ်ပြုညစာစားပွဲလေးက ဖိတ်ကြားထားသော ဧည့်သည်များနှင့် တဖွဲဖွဲ ဖြစ်လာခဲ့သော်ငြား ပြတင်း ပေါက်နားမှ ပွဲကိုကြည့်နေသော ကောင်လေးက အလိုမကျသလို မျက်ခုံးတွေကိုတွန့်ချိုးရင်း နှုတ်ခမ်းမှာ ဒေါသတို့ကို ချိတ်ဆွဲထားလေသည်။

တည်တင်းထားသည့်မျက်နှာက မေးရိုးများကို ထင်းနေစေတယ်။လက်ထဲကဖုန်းကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့် ကျေးဇူးပြု၍ နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုပါရှင်!

"တောက်!"

တက်ခေါက်သံက ယမ်းရင်ထဲက မကျေနပ်မှု၊ဒေါသတို့ရဲ့ထွက်ပေါက်တစ်ခု ဖြစ်လာစေသည်။

တစ်ဆက်တည်း ပြန်ဝင်လာသော ဖုန်းကိုကြည့်ပြီး ယမ်းက မျက်မှောင်ကုတ်ထားသည်။ကျခါနီးမိနစ်အလိုမှ ဖမ်းကိုင်လိုက်ပြီး မဲ့ပြုံး ပြုံးသည်။မနက်ကတည်းက ယမ်းရင်ထဲမှာ ဒေါသပန်းတွေပွင့်နေလေတယ်။

"ပြောပါအုံး မလာဖြစ်တဲ့အကြောင်း"

တစ်ဖက်ဖုန်းထဲက သက်ပြင်းသံသဲ့သဲ့ကို အရင်စကြားသည်။

_"ဟုတ်တယ် လာဖို့အစီအစဉ်ဆွဲထားပေမဲ့ ပျက်သွားလို့ စိတ်မကောင်းဘူး မိုးထိယမ်း"

စေးစက်ထင်က ဘယ်တော့မှ ယုတ္တိတန်အောင် မပြောတတ်သေးဘဲကိုး။

"အဟက်!"

-"ငါအားတာမဟုတ်ဘူးမိုးထိယမ်း ပြောစရာစကားမရှိရင်"

YANG(Completed)Where stories live. Discover now