ကွာရှင်းစာချုပ်(သို့)ကတိစာချုပ်
မှန်စားပွဲပေါ်က စာချုပ်နှစ်စောင်ဟာ လက်မှတ်တစ်နေရာစာအတွက် အသင့်စောင့်လို့နေတယ်။တနည်းအားဖြင့် ထိုစာချုပ်တွေက ယမ်းကို သရော် လှောင်ပြောင်နေ၏။
စေးစက်မျက်ဝန်းတွေဟာ မျက်ရည်တွေဖြင့် ရွှဲစိုလို့နေသည်။ယမ်းကိုကြည့်နေသည့် မျက်ဝန်းတွေဟာ ဒေါသတွေနှင့် ပေါက်ကွဲလို့နေသည်။မှန်စားပွဲရဲ့ တစ်ဖက်တစ်ချက်မှာ သူတို့နှစ်ယောက်ရပ်လျက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ငိုသံတစ်ဝက်နှင့် စိတ်ပျက်သည့်နှယ် စေးစက်အသံတို့ လွင့်လာ၏။
"ဘာလုပ်နေတာလဲ။လက်မှတ်ထိုးတော့လေ။မင်းနဲ့အမြန်ဆုံးကွာရှင်းချင်နေပြီ"
ပြောပြီးသည်နှင့် မျက်ဝန်းထဲမှ မျက်ရည်တို့ အိခနဲ စီးကျလာ၏။ယမ်းသည်လည်း စိတ်ပျက်လက်ပျက် ခါးထောက်လျက် သူ့ကိုကြည့်မိ၏။ဒီလိုထင်ရာစိုင်းလာမှတော့ မိုးထိယမ်းကလည်း သည်းခံမနေဘူး။
"အတော်ကွာချင်နေတာပေါ့။အတော် တစ်ခုလပ်ဖြစ်နေတာလား။ဟုတ်လား စေးစက်ထင်"
"ဟုတ်တယ်။တစ်ခုလပ်ဖြစ်လိုက်တာမှ ကောင်းအုံးမယ်"
"ရတယ်လေ။ထိုးပေးသေးတာပေါ့"
ယမ်းက ခုံမှာဝင်ထိုင်ရင်း ဘောပင်ကို ကောက်ကိုင်လိုက်သည်။သူ့ရှေ့ကစာချုပ်နှစ်စောင်ထဲမှ တစ်စောင်ကို ကျိန်းသေလက်မှတ်ထိုးရမဲ့သဘော။
စေးစက်က ယမ်းကို ခပ်စိမ်းစိမ်းကြည့်လျက်၊
"ကတိစာချုပ်မှာမထိုးနဲ့ ကွာရှင်းစာချုပ်သာထိုးပေး။ဒီမှာတင် စခန်းသိမ်းကြမယ်"
"ကျွန်တော့်ကို ဆရာလာမလုပ်နဲ့"
ယမ်းက စေးစက်ကို လှမ်းကြည့်လျက်၊
"ရှုပ်တယ်ကွာ!"
ယမ်းကကွာရှင်းစာချုပ်ကို ဗြီးခနဲ ဖြဲဆုတ်ပစ်၏။
စေးစက်က ယမ်းဆီ အလျင်စလိုပြေးကာ၊
"ဘာလုပ်တာလဲ"
ယမ်းက မတ်တတ်ထကာ၊
"မကွာနိုင်လို့ ဖြဲတာမမြင်ဘူးလား"
VOUS LISEZ
YANG(Completed)
Roman d'amourကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဦးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင် .................... ကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဉီးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်ထင်