part-21{Uni}

9.2K 532 7
                                    

အကိုစိုင်းနော်သည် စေးစက်ဘဝထဲကို ဝင်ရောက် လာခဲ့သည်မှာ လွန်ခဲ့တဲ့၅နှစ်ခန့်ကပင်။အကိုစိုင်းနော်ကိုဘယ်လိုပြောပြရပါလိမ့် ငယ်ငယ်ကကြည့်ဖူးတဲ့ တရုတ်သိုင်းကားထဲက စကားဖြင့်ပြောပြရလျှင် မိုးနတ်မင်းကြီးကဖန်ဆင်းပေးခဲ့တဲ့ သွေးမတော်သည့် အကိုရင်းတစ်ယောက်လိုပင်။

အရင်ကအမှတ်တမဲ့ ကျောင်းဟောပြောပွဲမှာ ဆုံတွေ့ခဲ့တဲ့ အကိုစိုင်းနော်သည် မေမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆေးရုံမှာ ပြန်လည်တွေ့ဆုံကြပြီးတဲ့နောက် စေးစက်နေ့ရက်တွေမှာ အကိုက အမြဲပါဝင်လာခဲ့ပါသည်။

သို့သော်...အကိုစိုင်းနော်က စေးစက်အပေါ် ညီလေးတစ်ယောက်လို သဘောထားခဲ့ခြင်းမျိုးမဟုတ်...!။

စေးစက်ကို ချစ်တယ်ဟု ဆိုလာခဲ့ပါသည်။

ပြီးတော့...ပြောပြရင်ယုံပါ့မလား။

အကို စေးစက်ကို လက်ပ်ပါ့စေ!တဲ့

ပန်းစီးကြီးနှင့်ရွှေလက်စွပ်တစ်ကွင်းကို ရုပ်ရှင်ထဲကလိုမျိုး လက်ထပ်ခွင့်တောင်းခဲ့တာ။

အငြင်းစကားဆိုထွက်ပါသေးနဲ့ဦး!တဲ့

အကိုက စောင့်နိုင်ပါတယ်!တဲ့

အမှန်ဆို စေးစက်က အချစ်ဆိုတာနဲ့ မသိသေး၊မကြုံဖူးသေးတာ ဖြစ်သည်။ပြီးတော့ မိန်းကလေးတစ်ယောက်မဟုတ်တဲ့အတွက် အကိုစိုင်းနော်ရဲ့ အချစ်ရေးဆိုခြင်းအပေါ် စေးစက် မတုံ့ပြန်နိုင်သေးတာဟာ စဥ်းစားတွေးတောရမှာတွေက အချစ်အပြင် ဒုနဲ့ဒေးနဲ့ မဟုတ်ပါလား။

လက်ထပ်တယ်ဆိုတာ ယောကျာ်းလေးနှင့်မိန်းကလေးတောင် လွယ်ကူနေတာမှမဟုတ်ဘဲ။အဆင်ပြေမှုထက် နောက်ဆက်တွဲအဆင်မပြေမှုတွေက သိန်းသောင်းမကရှိနေကြတာမဟုတ်လား။

အရိုးရှင်းဆုံးပြောပြရလျှင် စေးစက်ကအပူမရှာချင်ပါ။အချစ်ဆိုတာကို ဇာတ်ကားတွေ၊ဝတ္ထုတွေထဲက မင်းသား၊မင်းသမီးတွေရဲ့ အချစ်ရေးကိုသာ စိတ်ဝင်စားတာဖြစ်၍ ကိုယ်တိုင်ကျတော့ ရယ်စရာလိုတွေးနေမိတာ စိတ်ကဖြူစင်နေသလို ဘာလိုလို။

YANG(Completed)Where stories live. Discover now