part-24{zawgyi}

2.9K 67 1
                                    

လူတစ်ယောက်လျှင် တန်ခိုးတစ်ခုပိုင်ဆိုင်ခွင့်ရနိုင်တဲ့ ကမ္ဘာလောကကြီးဖြစ်ပါလျှင် မိုးထိယမ်းကို စေးစက်နဲ့ဝေးတဲ့ဘက်ခြမ်း တွန်းပို့ပစ်နိုင်မဲ့ တန်ခိုးမျိုးကိုအလိုရှိပါသည်။

ဆူးငြောင့်ခလုတ်တစ်ခုလို စေးစက်ဘဝထဲ ဝင်ရောက်နေမှုကို ဘယ်ချိန်မှများ အဆုံးသတ်ပေးမည်ဖြစ်သနည်း။

စေးစက်ကိုယ်တိုင် အစပျိုးခဲ့သည့်နိဒါန်းတစ်ခုက အင်အားကြီးမားတဲ့စွမ်းအားတစ်ခုလို အသက်ဝင်နေသည်ကြောင့် အဆုံးသတ်ဆိုတဲ့ နိဂုံးကို ရောက်နိုင်ပါ့မလား။

စေးစက်စိတ်နှလုံးသည် ရုတ်တရက် အေးစက်ငြိမ်ကျသွားခဲ့သည်။Bus Car ဂိတ်ကို လှမ်းနေတဲ့ ခြေလှမ်းများက အတွေးမျှင်တို့ကြောင့် တက်ကြွမှုဟူသည် ကြက်ပျောက် ငှက်ပျောက် မရှိသလောက်။

ကျွီ!

ပတ်ဝန်းကျင်ကို ဒုက္ခပေးနေခြင်းမှာ စည်းကမ်းမဲ့ကားများလည်း အပါအဝင်ဖြစ်သည်။

စေးစက်ကိုပွတ်ဆွဲယူတော့မလို အရှိန်နဲ့ထိုးရပ်လာတဲ့မော်ဒယ်မြင့်ကားတစ်စီးကြောင့် နှလုံးစိတ်ဝမ်းမအေးချမ်းရ။

ချပ်!

ကားပေါ်မှ ခက်ထန်နေသယောင်ဆင်းလာသူက စေးစက်ရဲ့ ပျော်မြူးခြင်း၊လွတ်လပ်ခြင်းတွေကို အလုပ်ပြင်ပအချိန်မှာတောင် မကျေမချမ်း နုတ်ယူချင်နေသည်။

စေးစက်ရှေ့တည့်တည့်ကို ပိတ်ရပ်လာသူ​က ကုန်ခမ်းချင်နေတဲ့ဒေါသတွေကို တမင်ဆွယူနေတာဖြစ်သည်။

ဘေးကနေကွင်းသွားလျှင် စေးစက်ထင်လက်မောင်းကို ဖမ်းကိုင်လိုက်သည်ကြောင့် ထိုလူ့မျက်နှာက ပုံမှန်ထက် သိသိသာသာ ပြောင်းလဲသွားသည်။

ကိုယ့်စိတ်ကို မသိတဲ့လူ၊မခန့်မှန်းနိုင်တဲ့လူနောက်ပြေးလိုက်နေရတာ ပန်းတိုင်မရှိတဲ့အပြေးသမားတစ်ယောက်လိုဖြစ်သည်။

မိုးထိယမ်းခေါင်းထဲမှာ စေးစက်ထင်တစ်ယောက်ပဲရှိနေတော့တာ ဘယ်လိုရူးမိုက်ခြင်းမျိုးပါလိမ့်။

သူ့ကိုပဲ ငေးကြည့်၊သူ့အကြောင်းတွေပဲ တွေးနေချင်တဲ့ လွန်ခဲ့တဲ့ 5နှစ်ကျော်ကတည်းကအစပျိုးခဲ့တဲ့ အချစ်တစ်ခုကို ဒဏ်ရာတွေပဲ ပေးချင်နေသလား။

YANG(Completed)Where stories live. Discover now