Extra-Love{Uni}

6.5K 196 2
                                    

မနက်ခင်းလင်းကျင်းပြီ ဖြစ်သော်ငြား မထသေးသူက ယမ်း မဟုတ်။သူ၏ အချစ် အသည်း ဖြစ်သည့် စေးစက် ပဲဖြစ်သည်။မျက်နှာနုနုလေးက မှန်ပြတင်းမှ တိုးဝင်နေသည့် နေရောင်ခြည်နွေးနွေးအောက်မှာ နုနုနယ်နယ်လေး ဖြစ်ကာ အပြစ်ကင်းစင်လွန်းသည်။

ပြာနုနုမွေ့ယာပေါ်တွင်ကား စေးစက်သည် မဲနယ်ရောင် ဖဲသား ညအိပ် ဝတ်စုံလေးဖြင့် ကြည်လွလွလေး ဖြစ်နေလျက်။ယမ်း သည်ကား  မိုးပြာရောင် ဘောင်းဘီတို နှင့် အပေါ်ပိုင်း ကိုယ်လုံးတီးလျက် ကျစ်ခိုင်သန်စွမ်းလျက် ရှိလေသည်။

ယမ်းက သူ့ရင်ခွင်ထဲသို့ အိပ်ချင်မူးတူး ဖြစ်နေသော စေးစက် အား ရွှေ့ယူလိုက်သည်။ပြီးလျှင် စေးစက် ခေါင်းလေးအား ညာဘက်လက်ဖြင့် ပွေ့ယူထားကာ မျက်နှာလေးအား သူ့မျက်နှာဆီ ဦးတည်စေပါသည်။

မျက်လုံးဖွင့်မလာသေးသော စေးစက် မျက်နှာလေးကို ကြည့်ရင်း ယမ်း အသည်းယားလာမိသည်။ကြာကြာ ဥပုသ်မစောင့်နိုင်တော့ကာ စေးစက် ပါးနုနုလေးအား ယမ်းက ဖိကပ်နမ်းလေသည်။တစ်ကြိမ်ပြီး နှစ်ကြိမ်မြောက် ထပ်နမ်းသည်။နှစ်ကြိမ်ပြီး သုံးကြိမ်မြောက် ပါးပြင်လေးအား နစ်နစ်လေး ဖိကပ်နမ်းပြန်သည်။

စေးစက်က မျက်လုံးမဖွင့်သေးဘဲ ယမ်းအား လုပ်ချင်ရာလုပ်စမ်းဟူ၍ အိပ်ရေးသာ အဓိကဦးစားပေး၍ ပေအိပ်နေသည်လားတော့ မသိဝေ။ယမ်း၏ အဝတ်မပါသည့် ရင်ခွင်ထဲ ရှိနေသည့် စေးစက်သည် ကိုယ်ငွေ့နွေးနွေးကို နူးညံ့စွာ ခံစားရသည်။

ယမ်းက လက်ထဲက စေးစက် ဦးခေါင်းလေးအား သာသာလေးမယူသည်။ပြီးလျှင် စေးစက်၏ နှုတ်ခမ်းသား အိအိလေးအား သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။တစ်ကြိမ်ပြီး နောက်တစ်ကြိမ် ဖိကပ်နမ်းသည်။ယမ်းက စေးစက် နှုတ်ခမ်းလေးအား ဆက်တိုက်ပင် ဖိကပ် နမ်းလာတော့သည်။

စေးစက်က မျက်နှာကို ဘေးသို့ အသာ စောင်းလိုက်လျှင် ယမ်းရဲ့ နှုတ်ခမ်းသားက ပါးပြင်လေးပေါ်  ဦးတည်ချက် ပြောင်းသွားသည်။ထိုအခါ ယမ်းက ပါးပြင်နုနုလေးအနှံ့ အနမ်းပန်းတွေ ဆက်တိုက် စွန့်ကြဲ ပြန်သည်။ယမ်း နှုတ်ခမ်းသားကြောင့် စေးစက် ပါးပြင်လေး နွေးပူလာတော့သည်။

YANG(Completed)On viuen les histories. Descobreix ara