part-20{Uni}

9.3K 506 2
                                    

! 5 နှစ်ခန့်ကြာသောအခါ !

လေယာဥ်မောင်းသူသည် ဦးတည်ရာလေယာဥ်ကွင်းသို့ ဆင်းသက်ဖို့ရာအတွက် အဆင်းပဲ့ထိန်းမောင်းတံကို ရှေ့သို့တွန်းလိုက်လျှင် လေယာဥ်အမြီးပိုင်းက အပေါ်သို့ထောင်တက်ကာ ဦးခေါင်းပိုင်းက အောက်ဘက်သို့စိုက်လျက် မြေပြင်ပေါ်သို့ ဆင်းသက်နေပါသည်။

ဥရောပမှပြန်ရောက်လာမည့် ချစ်လှစွာသော သူငယ်ချင်းဖြစ်သူကို ကြိုဆိုဖို့အတွက် ဇေယျာ၊ဘုန်းခ၊ခန့်သော်တို့သုံးယောက် လေဆိပ်မှာ မနက်အစောပိုင်းကတည်းက ရောက်နှင့်နေတာဖြစ်သည်။

သူတို့သုံးယောက်က လွန်ခဲ့တဲ့(5)နှစ်ခန့်က ပုံစံမျိုးမဟုတ်တော့။စတိုင်ကိုယ်စီဖြင့် အထက်တန်းကျတဲ့သူဌေးမင်းပုံစံလေးတွေဖြစ်သည်။မိမိုက်နေတဲ့ ပုံစံတွေကြောင့် လေဆိပ်ထဲမှ အမျိုးသမီး၊အမျိုးသားပါမကျန် ငေးမောကြည့်နေရတဲ့အထိဖြစ်သည်။

"ဟေ့ကောင်တွေ"

ဝေါင်း...!

ဝိုး...!

ဝါး...!

ရှည်လျားလာတဲ့အရပ်ကြီးက အရပ်ရှည်ပါတယ်ဆိုတဲ့ သူတို့သုံးကောင်ထက်တောင် ခေါင်းတစ်လုံးပိုသာနေသလို ဖြစ်သည်။ပြောင်းလဲလာတဲ့ ပုံစံက အရင်ကပုံစံနှင့် တစ်ယောက်စီလို ဖြစ်သည်။

အရင်ကယောကျာ်းဆန်မှုထက် အဆ၁၀၀၀လောက်ပိုပြီးခန့်ညားလာတာဖြစ်သည်။မျက်နှာကပိုရှည်လာ ပြီး ပိုကြည့်ကောင်းလာသလို မေးရိုးကြီးကလည်း ပိုထင်းလာသည်။နှာခေါင်းကလည်း ပိုပေါ်လွင်နေတာ လုံးဝ Perfect ဖြစ်တဲ့ပုံစံ။သူငယ်ချင်းဖြစ်သူရဲ့ ဥရောပသားတွေထက်တောင် ချောမောလာမှုကြောင့် သူတို့ချောကြောင်းနှိုင်းပြတာထက် မိန်းမငယ်လေးတွေ ပြောကြတာပိုနားထောင်လို့ ကောင်းပါလိမ့်မည်။အနီးစပ်ဆုံး နှိုင်းပြရလျှင် F4ကားထဲက ဂူဂျွန်ဖြိုးလို ပုံစံပဲ။

တန်ဖိုးကြီးနေကာမျက်မှန်ကိုချွတ်လိုက်လျှင် တစ် မျက်နှာလုံး အပြုံး၊အရယ်တွေကို အရှင်းသား မြင်ရသည်။သူတို့သုံးကောင်ကို ခန့်ခန့်ညားညား ကြည့်နေတဲ့ ဥရောပစတိုင်နဲ့ကောင်ဆီ သူတို့ ပြေးဖက်လိုက်ကြသည်။

YANG(Completed)Where stories live. Discover now