part-26{Uni}

8.8K 495 2
                                    

မိုးထိယမ်းသည် တစ်ခါတစ်လေ နူးညံ့သည်။တစ်ခါတစ်လေ ကြမ်းတမ်းသည်။အစိုးရခြင်းမရှိသည့် လူတစ်ဦးကိုပြပါဆိုလျှင် စေးစက်ကြုံတွေ့ဖူးတဲ့ရပ်ဝန်းမှာ တသီးတခြားဖြင့် အမျိုးမျိုးပြောင်းလဲနေသော ကောင်လေးတစ်ယောက်ကိုသာ ညွှန်ပြမိမှာပဲဖြစ်သည်။

စေးစက်ကို အချစ်ရေးဆိုထားတဲ့ ယောကျာ်းနှစ်ယောက်ရှိသည်။

ပထမတစ်ယောက်က စေးစက်ထက် အသက်ပိုကြီးသူဖြစ်သည်။

ဒုတိယတစ်ယောက်က စေးစက်ထက် အသက်ပိုငယ်သူဖြစ်သည်။

သူတို့နှစ်ယောက်က အသက်အရွယ်လည်းကွာဟသလို စရိုက်သဘာဝချင်းလည်း ကွာဟသည်။

သူတို့၏ ညီမျှခြင်းတစ်ခုက ချမ်းသာကြွယ်ဝခြင်းပင် ဖြစ်သည်။ရွှေပုံပေါ်စံလာခဲ့တဲ့သူတို့နှစ်ဦးက သာမန်မိသားစုလေးမှ ပေါက်ဖွားလာခဲ့တဲ့ စေးစက်ကို လာချစ်ကြခြင်းမှာ ဘယ်လိုဝဋ်ကြွေးဟု ​ဆိုနိုင်ပါသနည်း။

စေးစက်သည် အဖြေတစ်ခုကို အတိအလင်းကြေညာပေးဖို့ တာဝန်အရှိဆုံးလူတစ်ယောက်ဖြစ်သော်ငြား အခုချိန်ထိ နှလုံးသားက ဘာကိုမှသေချာစွာမဝေခွဲနိုင်သေး။

အကယ်၍ စေးစက်နှလုံးသားက တစ်ယောက်သောသူကိုသာ အလေးပိုနေမည်ဖြစ်ခဲ့လျှင်ပင်

သေချာပါတယ် နှစ်ယောက်လုံးကို စေးစက်ငြင်းလိုက်မှာပဲ ဖြစ်သည်။

တစ်ယောက်က နှလုံးသားက အကဲဖြတ်ရွေးချယ်ထားတဲ့သူ...!။

တစ်ယောက်က ဦးနှောက်က အကဲဖြတ်ရွေးချယ်ထားတဲ့သူ...!။

နှလုံးသားနှင့်ဦးနှောက်ရဲ့အားပြိုင်မှုက လွန်ဆွဲနေသလို အနိုင်အရှုံးကို ဘယ်သူ့မှအတပ်ပေးလို့မရသေး။

အချစ်ဆိုတာ...

သဏ္ဍာန်အမျိုးမျိုးရှိတတ်သော်ငြား

ရင်ထဲကို ဝင်ရောက်လာတဲ့

အချစ်ကလည်း ဆန်းပြားတတ်ပါ၏။

အချစ်ဆိုတာ...

နှလုံးသားက ပေါက်ဖွားလာသော်ငြား

မယုံမရဲစိတ်တွေ ဝင်ရောက်လာတဲ့အခါ

ရှေ့ဆက်တိုးဖို့ တံတိုင်းတွေခံနေတတ်ပါ၏။

YANG(Completed)Where stories live. Discover now