part-7{zawgyi}

3.3K 69 1
                                    

တတိယတန်းကျောင်းဆောင်၏ ရှေ့ပရဝဏ် (ပရိဝုဏ်)တွင် ခါတိုင်းနှင့်မတူ ထူးခြားနေသည်က အခြားမဟုတ် 'ရာသီတုပ်ကွေးအကြောင်းသိကောင်းစရာကျန်းမာရေးဟောပြောပွဲ´နှင့် 'ကလေးငယ်တို့အား ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်´ ကျင်းပနေခြင်းဖြစ်၏။

ပတ်ချာလည်ကျွန်းပင်ကြီးများ၏ အေးမြသောအရိပ်အာဝါသအောက်တွင်ဝယ် ကလေးငယ်များရဲ့ ဖြူလွလွ၊စိမ်းမြမြပုံရိပ်တို့က ရှေ့ကွင်းပြင်အတွင်းစံပယ်ရုံကလေးများ စီစီတန်းတန်းစိုက်ပျိုးထားသည့်နှယ်။

ကလေးငယ်များ၏ ခိုးခိုးခစ်ခစ်ရယ်သံတွေ၊တတွတ်တွတ်စကားပြောသံတွေ၊ခပ်စူးစူး အော်သံတွေက ကျောင်းဆောင်အရှေ့ ငှက်ကလေးများအုပ်စုဖွဲ့အော်မြည်နေသကဲ့သို့ သောသောညံလျက်။

သိပ်မကြာခင်အချိန်တွင်ဟောပြောပွဲစတင်တော့မှာဖြစ်၍ စကားပြောနေခြင်း၊ရိုးတိုးရွတဖြစ်နေခြင်း၊စနောက်ကျီစယ်နေခြင်းတို့ကိုရပ်တန့်စေရန် ဆရာမချိုသာတို့အဖွဲ့ ကလေးငယ်များအား လိုက်လံထိန်း အုပ်နေရသည်။

တတိယတန်းကလေးများနှင့်စတုတ္ထတန်းကလေးများကို စုပေါင်းဟောပြောမှာဖြစ်သဖြင့် သူ့တန်းခွဲနဲ့သူ ညီညီညာညာစီတန်းထိုင်ခိုင်းထားခြင်းဖြစ်၏။ဆရာ၊ဆရာမများအား မိမိအတန်းမိမိ ကွပ်ကဲထိန်းကြပ်စေသည်။

စေးစက်အတန်းသည် ထွေထွေထူးထူးကြပ်မတ်ပေးစရာမလိုအောင် ငြိမ်ဆိမ်ကြလျက်။ကလေးငယ်တို့အပေါ်ထားရှိသော စိတ်ရင်းစေတနာများက ယခုချိန်တွင် ရောင်ပြန်ဟပ်နေသည့်အလား။

ဟောပြောပွဲကျင်းပရာနေရာ၌ ကျောင်းအုပ်ဆရာ ကြီး၏မိန့်ခွန်းသံပြတ်ပြတ်က တကွင်းလုံးကို လွှမ်းခြုံနေလျက်။တစ်ခါတစ်ခါဟာသနှော၍ပြောတတ်သည့်ဆရာကြီး၏အကျင့်ကြောင့် ကလေးငယ်များနည်းတူ စေးစက်တို့ဆရာ၊ဆရာမတွေသည်လည်း ပြုံးမိ၊ရယ်မိကြ၏။

ဆရာကြီး၏အဖွင့်မိန့်ခွန်းဆုံးခန်းတိုင်ပြီးသည့်နောက် ဟောပြောပွဲ၏အစီအစဉ်ကြေညာသူ ဆရာမဖူးခက်ဝေ၏ ချိုမြမြ ကြည်သသအသံတို့က လေလှိုင်းထဲပီပီပြင်ပြင်ပေါ်ထွက်လာ၏။

YANG(Completed)Where stories live. Discover now